
လီဗာပူးရဲ့ပွဲကျပ်နေမှုကို အခွင့်ကောင်းမယူနိုင်ဘဲ ရှုံးပွဲကြုံခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၀ - ၁ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ မနက်ဖြန်ည လီဗာပူးအသင်း မန်စီးတီးနဲ့ပွဲကျပ်ရင်ဆိုင်ရမယ့်အပေါ် အခွင့်ကောင်းမယူနိုင်ဘဲ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ပါတယ်။
အထောင်တိုက်စစ်မရှိတဲ့အတွက် မီရီနိုကို တိုက်စစ်တင်ကစားခဲ့ပေမယ့် ဒီပွဲမှာတော့ ဝက်စ်ဟမ်းက ခံစစ်ကို သေချာပြင်ဆင်လာတာကြောင့် ဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲ သွင်းဂိုးတွေနဲ့ ဝေးကွာခဲ့ပါတယ်။
တိုက်စစ်မြှင့်တဲ့အနေနနဲ့ လူစားထိုးခဲ့တဲ့ စကယ်လီကလည်း တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ရှုံးပွဲဆက်နေတဲ့ ဝက်စ်ဟမ်းအသင်းကတော့ လန်ဒန်ဒါဘီမှာ အဖိုးတန် အနိုင်သုံးမှတ်ကို ရှာဖွေသွားနိုင်ခဲ့ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။