
အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ပြန်တဲ့ ယူနိုက်တက်
ယူနိုက်တက် ၀-၂ ခရစ္စတယ်ပဲလေ့စ်(ပွဲပြီးရလဒ်)
မာတီတာ(၆၄'၊ ၈၉')
ပထမပိုင်းမှာ ဂိုးပေါက်တည့်တဲ့ကန်ချက် တစ်ကြိမ်တောင်မရရှိခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ဒုတိယပိုင်းမှာ ၂ ကြိမ်ရခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ ပဲလေ့စ်ကတော့ ရသမျှအခွင့်အရေးတွေကို ဂိုးအဖြစ်အသုံးချပြီး အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို နောက်ကောက်ချခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က ဒီနေ့ပွဲမှာ အတော်လေးစွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ အိမ်ကွင်းမှာ ၃ မှတ်ဆုံးရှုံးခဲ့တဲ့ယူနိုက်တက်အတွက် နောက်ခံလူ မာတီနက်ဇ်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့လို့ မိအေးနှစ်ခါနာဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင်ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် ၁၃ နေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြန်ပါတယ်။