ပရီးမီးယားလိဂ်ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၃-၁ ဝုဗ် (ပွဲပြီးရလဒ်)
ပထမပိုင်းပွဲချိန်အတွင်း အဒါဘီအိုယိုက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒိုဟာတီက ဝုဗ်အတွက် ချေပဂိုးရယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ချဲလ်ဆီးအသင်း တိုက်စစ်မြှင့်ကစားလာခဲ့ပြီး အနိုင်ဂိုးရရှိဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ကူကူရယ်လာ၊ မာဒူကီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးတို့ အဖိုးတန်အိမ်ကွင်းနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ချဲလ်ဆီးက ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်ကာ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။