The network connection is lost.

Banner Image

ဒဏ်ရာကြောင့် လိုင်ယွန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ရန် မသေချာတဲ့ ဇက်ခ်ဇီ

ယူနိုက်တက်တိုက်စစ်မှူး ဇက်ခ်ဇီဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိခဲ့တာကြောင့် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတော့ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ နယူးကာဆယ်ကို ၄-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ၅၅မိနစ် မှာ လူစားလဲခံခဲ့ရတဲ့ ဇက်ခ်ဇီရဲ့ ဒဏ်ရာဟာ နည်းပြ အာမိုရင်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။ 

ပွဲအပြီးမှာ အာမိုရင်က "ဇက်ခ်ဇီက လိုင်ယွန်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဇက်ခ်ဇီ မပါဝင်နိုင်ခြင်းဟာ ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ ထိခိုက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် လိုင်ယွန်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းကောင်းမွန်ခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ 

ဇက်ခ်ဇီ မပါဝင်နိုင်တဲ့အတွက် အာမိုရင်ဟာ ဒုတိယအကျော့ ပွဲစဉ်မှာ ဟွိုက်လန်းကို ပွဲထွက်လူစာရင်းမှာ ထည့်ကစားဖွယ် ရှိနေပါတယ်။