The network connection is lost.

Banner Image

အာဆင်နယ်မှ ထွက်ခွာဖို့နီးစပ်နေတဲ့ ဇင်ချန်ကို

အာဆင်နယ်မှာ စိတ်ပျက်ဖွယ်ရာ ရာသီကိုဖြတ်သန်းနေရတဲ့ ဇင်ချန်ကိုဟာ ဒေါ့မွန်သို့ ပြောင်းဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် ဇူလိုင်မှာ ဇင်ချန်ကိုဟာ မန်စီးတီးကနေ အမ်မရိတ်သို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ သူဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဆိုင်နိုင်တဲ့အသင်းအဖြစ် သူကစားနေတဲ့ ဘယ်နောက်တန်းနေရာကနေ မြန်မြန်ဆန်ဆန် ကူညီနိုင်ခဲ့ပါတယ်။

ယခုနွေရာသီ ကာလာဖီအိုရီ ရောက်ရှိလာမှုနှင့် အကယ်ဒမီက လူးဝစ်စကယ်လီ ခြေစွမ်းပြလာမှုကြောင့် ယူကရိန်းနိုင်ငံသားဟာ ပွဲထွက်ခွင့်မှာ နောက်သို့ရောက်သွားတာဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားထားရပြီး ၄ ပွဲမှာသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့ရတာပါ။ နောက်ဆုံးပွဲထွက်ထားရတာကတော့ ဒိုင်နမိုဇာဂရက်အား အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပဲ ဖြစ်ပါတယ်။ ကာလာဖီအိုရီနှင့် လူးဝစ်စကယ်လီတို့ ဒဏ်ရာကနေ ပြန်လည်သက်သာတော့မှာဖြစ်လို့ ဇင်ချန်ကိုက ထွက်ခွာဖွယ်ရှိနေတာပါ။

The Telegraph ရဲ့အဆိုအရ ဒေါ့မွန်ဟာ သူ့ကိုခေါ်ယူဖို့ ရှေ့ဆုံးမှာရှိနေကာ အပြောင်းအရွှေ့မပိတ်မီ အာဆင်နယ်ကလည်း ရောင်းချလိုနေပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဈေးကွက်အတွင်း ဘယ်နောက်တန်းတစ်ဦးရှာဖွေနေတာဖြစ်ပြီး ဇင်ချန်ကိုအား ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။ ချဲလ်ဆီးရဲ့ ဘန်ချီဝဲလ်က ဒေါ့မွန်အတွက် နောက်ထပ်ရွေးချယ်စရာဖြစ်ပေမယ့် ဇင်ချန်ကိုကသာ ထိပ်တန်းပစ်မှတ်ဖြစ်ပါတယ်။ ဒေါ့မွန်ကသာ ကမ်းလှမ်းလာပါက အာဆင်နယ်ဘက် မတားဆီးဖို့ မျှော်လင့်ရပါတယ်။

သို့သော်လည်း ဇင်ချန်ကိုဟာ အဝတ်လဲခန်းနှင့် ဝန်ထမ်းတွေကြားမှာ ကျော်ကြားသူဖြစ်ပါတယ်။ အာတီတာကတော့ စကယ်လီရဲ့ ဒဏ်ရာက မပြင်းထန်းကြောင်းနှင့် ဇာဂရက်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကာလာဖီအိုရိ အရန်ခုံထိုင်ရတဲ့အပေါ် ပြောကြားထားပါတယ်။ "ဗီလာနဲ့ပွဲမှာ သူက ချင့်ချိန်ခဲ့ရတာပါ။ ဒါက အဆင်ပြေခဲ့ပြီး ပွဲကို အဆုံးသတ်နိုင်ခဲ့ကာ နောက်တစ်ရက်မှာတော့ ဆိုးရွားခြင်းမရှိခဲ့ပါဘူး။ မနေ့ကတုန်းက ကောင်းမွန်သေးတဲ့ပုံမရှိပေမယ့် လေ့ကျင့်ရေးဆင်းခဲ့ကာ သူ့ကို စစ်ဆေးဖို့တော့ လိုအပ်နေပါတယ်။ ပွဲစဉ်တွေက ကစားဖို့ရှိနေသေးတဲ့အတွက် အရမ်းကြီးမဆိုးဖို့အတွက် မျှော်လင့်မိပါတယ်" လို့ အာတီတာက ပြောပါတယ်။

ဒေါ့မွန်ဟာ ဆိုးရွားတဲ့ရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး နည်းပြ နူရီဆာဟင်ကို ထုတ်ပယ်ထားတာပါ။ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်က နည်းပြသစ်ဖြစ်လာဖို့ အလားအလာရှိနေပြီး အသင်းရဲ့အားရုံစိုက်မှုကတော့ ဝါဒါဘရီမင်နဲ့ပွဲအတွက်ဖြစ်ပါတယ်လို့ အားကစားဒါရိုက်တာ ရစ်ကန်က ပြောထားပါတယ်။ "ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကျွန်တော်က နူရီနဲ့ ပြောခဲ့ပြီး သူကလည်း ကောင်းကောင်းတုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် အသင်းကို နှုတ်ဆက်ဖို့ အရေးပါခဲ့ပါတယ်။ သူက လေးစားဖွယ်ကောင်းတဲ့ အပြုမူကို လုပ်ခဲ့တာပါ"

"သူတို့သာ ကောင်းကောင်းလုပ်မယ်ဆိုရင် ကျွန်တော်တို့ထဲက တစ်ဦးကို ချီးမြှောက်ဖို့ သဘောကျသူပါ။ လက်ရှိ ကျွန်တော်တို့ အသင်းရဲ့အခြေအနေက အသင်းတိုးတက်ဖို့ အပြင်ကနေ ခေါ်ယူဖို့ လိုအပ်နေတာပါ။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ရှာဖွေနေပါတယ်" "ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ တစ်ဦး နှစ်ဦးလောက်ရှိပါတယ်။ အခု အသင်းရဲ့အာရုံစိုက်မှုက ဝါဒါဘရီမင်နဲ့ပွဲပဲဖြစ်ပါတယ်။ ရည်မှန်းချက်တွေကို အောင်မြင်ဖို့အတွက် ဒုတိယရာသီဝက်မှာ အရမ်းကောင်းရမှာပါ။ ဝါဒါဘရီမင်နဲ့ပွဲကို အနိုင်ကစားရမှာပါ" လို့ ရစ်ကန်က ပြောပါတယ်။