
The network connection is lost.

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဆီဗီလာအသင်းနဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ မိမိတို့အသင်းဟာ ကွင်းလယ်ဒိုင်တွေရဲ့မျက်နှာသာပေးခြင်းကို ဘယ်တုန်းကမှမခံခဲ့ရဘူးလို့ ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့တုန်းက ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ ကွင်းလယ်ဒိုင်တွေရဲ့ရုံးချုပ်ကို စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ခုအနေနဲ့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အဆိုပါရှာဖွေမှုဟာ Negreira အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တရားရေးဝန်ထမ်းတစ်ဦးက စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါရုံးကို ကြာသပတေးနေ့မှာ ရှာဖွေမှုစတင်ခဲ့ပြီး ရလဒ်အရ ဇာဗီက ဆီဗီလာနဲ့ ပွဲမတိုင်ခင် သူတို့ဟာ ကွင်းလယ်ဒိုင်တွေရဲ့မျက်နှာသာပေးမှုကို ဘယ်တုန်းကမှမခံခဲ့ရဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့အသင်းက ဘယ်တုန်းကမှ ဒိုင်တွေရဲ့မျက်နှာသာပေးမှုကို မခံခဲ့ရပါဘူး။ ကျွန်တော့်မှာ အချိန်အနည်းငယ်ပဲရှိသလို အခြားအရာတွေအတွက် ကျွန်တော့်ကိုယ်ကျွန်တော်ပဲ နှစ်မြုပ်ထားပါတယ်”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။