
ရီးရဲလ်စတားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်တဲ့ အလွန်ဆို
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဖျားဝေဒနာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ရီးရဲလ်တောင်ပံကစားသမား ဘာပေတစ်ယောက် အိုဗီဒိုနဲ့ပွဲမှာစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး အလွန်ဆိုက ချီးကျူးစကားဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့တုန်းက အိုဗီဒိုအသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘာပေဟာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အလွန်ဆိုက ပြင်သစ်သားဟာ ဝိတ်အနည်းငယ်တက်လာတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ စပိန်သားက ဘာပေရဲ့စိတ်ပိုင်းဆိုင်ရာ နဲ့ ရည်မှန်းချက် အပေါင်းလက္ခဏာဆောင်လာတာကို ထုတ်နုတ်ချီးကျူးခဲ့ကာ ကစားသမားရဲ့အရာ ၂ ခုကို ထောက်ပြခဲ့ပါတယ်။
ပထမအရာက ဘာပေဟာ မက်ဒရစ်နဲ့ တစ်ရာသီအချိန်ကုန်ဆုံးခဲ့ပြီးဖြစ်ကာ အခုပိုလိုချင်လာတယ်လို့ ပြောကြားခဲ့ပြီး ဒုတိယတစ်ခုက ဂန္ထဝင်ကျောနံပတ် ၁၀ နဲ့အတူ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နောက်ထပ်လည်း အပေါင်းလက္ခဏာဆောင်လာနိုင်ပါတယ်။
“သူ ၄ ကီလိုလောက်တက်လာပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာ ၄ ကီလိုလျော့ခဲ့ပါတယ်။ သူ့ကြည့်ရတာ အဆင်ပြေပါတယ်။ သူဒီနေ့လုပ်ပြတာကို သဘောကျပါတယ်။ ကျွန်တော်တို့ ဒီအကွာအဝေးကို ထိန်းသိမ်းချိန် လူတိုင်းက တစ်ဦးနဲ့တစ်ဦး နီးကပ်လာပါတယ်။
ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ရှာဖွေရပါမယ်။ ဒီနေ့မှာ သူအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်နေ့လည်း အတူတူပါပဲ။ ကျွန်တော်တို့ ဘာမှန်လဲဆိုတာကို ဆက်လက်စောင့်ကြည့်ပါမယ်။ ဒါပေမယ့် ခံစားချက်ကတော့ ကောင်းပါတယ်”လို့ အလွန်ဆိုက ပြောကြားလိုက်ပါတယ်။
လေဗာကူဆင်နည်းပြဟောင်းကတော့ အနာဂတ်မှာ အပြောင်းအလဲတွေပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။ လူစားလဲမှုက ပွဲတစ်ပွဲချင်းအပေါ်မူတည်ပြီး လုပ်ဆောင်မှာဖြစ်သလို ကစားသမားတိုင်းအကျိုးပြုနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ လာမယ့်သြဂုတ်လ ၃၁ ရက်နေ့မှာ ရီးရဲလ်အသင်းဟာ မာယော့ကာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။