The network connection is lost.

Banner Image

အနီကတ်ပြစ်ဒဏ်ကြောင့် တော့တင်ဟမ်နဲ့ပွဲစဉ်ကိုလွဲချော်သွားမယ့် ချဲလ်ဆီးတိုက်စစ်မှူး ဒီလပ်

ချဲလ်ဆီးတိုက်စစ်မှူးလီယမ်ဒီလပ်ဟာ ကြာသပတေးနေ့က ဝုဗ်ကိုအနိုင်ရခဲ့တဲ့ကာရာဘောင်ဖလားပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပြီး ၁ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။ 

အဆိုပါအနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး နည်းပြအန်ဇိုမာရက်စ်ကာကတော့ အရှက်ရဖွယ်ပြစ်ဒဏ်ဖြစ်‌ကြောင်း ဝေဖန်ထားပြီး ကစားသမားအနေနဲ့ အနီကတ်ကိုရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့ပြောကြားထားပါတယ်။ ဒီလပ်ဟာ ဒဏ်ရာပြဿနာကြောင့် ဒီရာသီမှာ ချဲလ်ဆီးရဲ့ပြိုင်ပွဲစုံ ၉ ပွဲအထိလွဲချော်ထားခဲ့သူဖြစ်ပြီး ဒဏ်ရာမှပြန်လာကာ ပထမဆုံးအကြိမ်ဝင်ရောက်ကစားချိန်မှာပဲ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးဟာ ဝုဗ်ကို ၃ ဂိုးအထိခွင့်ပြုခဲ့ရပေမယ့် ၄ ဂိုးပြန်သွင်းပြီး အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့တာကြောင့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒီရာသီမှာ အနီကတ်ပြစ်ဒဏ်အများအပြားကြုံတွေ့ထားရတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေလိုအပ်နေပြီး ယခုအခါမှာလည်း အရေးပါတဲ့တိုက်စစ်မှူးကို တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အသုံးပြုခွင့်လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ 

မာရက်စ်ကာအနေနဲ့ ဒီလပ်ကိုအသုံးမပြုနိုင်ပေမယ့် အခြားတိုက်စစ်မှူးတွေဖြစ်တဲ့ တိုင်ရစ်ဂျော့ဂျ်၊ ဂျာအိုပက်ဒရိုနဲ့ မာ့ခ်ဂွီယူတို့ကိုတော့ ရွေးချယ်ခွင့်ရှိနေပါသေးတယ်။ သို့သော်လည်း ဒီလပ်ဟာ ချဲလ်ဆီးရဲ့နံပါတ် ၉ တိုက်စစ်မှူးစစ်စစ်ဖြစ်တဲ့အပြင် ဂျော့ဂျ်၊ ပက်ဒရိုနဲ့ ဂွီယူတို့ထက် ကိုယ်ကာယပိုင်းမှာ ပိုမိုကြံ့ခိုင်သူဖြစ်ပါတယ်။  ဝုဗ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ မာရက်စ်ကာက "ဒီလပ်မှမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက ကစားသမားတိုင်း အနီကတ်မထိအောင်ကစားနိုင်ဖို့လိုပါတယ်။

ဘရိုက်တန်၊ ယူနိုက်တက်တို့နဲ့ပွဲစဉ်တွေတုန်းက အနီကတ်ပြစ်ဒဏ်တွေက ရှောင်လွှဲလို့မရနိုင်တဲ့ပြစ်ဒဏ်တွေပါ။ ဒါပေမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ဒီပွဲတို့မှာရခဲ့တဲ့ အနီကတ်တွေကတော့ ရှောင်လွှဲလို့ရနိုင်ပါတယ်။ ဒီလိုအနီကတ်တွေ ထပ်မကြုံရဖို့ ဂရုစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။