The network connection is lost.

Banner Image

ဝေါ်လ်ကာအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဂွါဒီယိုလာကို ဝေဖန်လိုက်တဲ့ ဝိန်းရွန်းနီ

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက နောက်ခံလူ ဝေါ်လ်ကာကို အေစီမီလန်အသင်းထံ လက်လွှတ်လိုက်တဲ့ ဂွါဒီယိုလာရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပါတယ်။ အင်္ဂလန်သားမရှိတဲ့ညာနောက်ခံလူနေရာဟာ ဗင်နီကို မထိန်းနိုင်ပဲ အကန်ဂျီ ၊ ရီကိုလူးဝစ်တို့ကလည်း ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါအနေအထားတွေကြောင့် ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ခြေစစ်ပထမအကျော့မှာ ၃-၂ နဲ့ အရေးနိမ့်စေခဲ့ပါတယ်။ လူးဝစ်ရဲ့အမှားကနေ ဗင်နီက အခွင့်အရေးရခဲ့ပြီး ဘယ်လင်ဟမ်က အဆုံးသတ်ကာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရွန်းနီက အဆိုပါပွဲအပြီးမှာ ဝေါ်လ်ကာရဲ့အရေးပါပုံကို ထောက်ပြခဲ့ပြီး ဂွါဒီယိုလာရဲ့စီမံခန့်ခွဲပုံကို ဝေဖန်ခဲ့ပါတယ်။ အမေဇုန်ပရိုင်းနဲ့အင်တာဗျူးမှာ ရွန်းနီက “ဒီနေ့မှာ ကိုင်လီဝေါ်လ်ကာရဲ့ စီးတီးအတွက် အရေးပါပုံကို မြင်ခဲ့ရပါတယ်။ အေစီမီလန်အသင်းထံ ဝေါ်လ်ကာအငှားထွက်ခဲ့တာကိုမြင်ရတာ ထူးဆန်းနေပါတယ်။

အကန်ဂျီက ညာနောက်ခံလူမဟုတ်သလို ရီကိုကလည်း ငယ်လွန်းပါသေးတယ်။ ပြီးတော့ မတူညီတဲ့နေရာတွေမှာ ကစားနေရတာပါ။ ဒီအခြေအနေက စီးတီးကို ရုန်းကန်ရစေတာပါ။ ဝေါ်လ်ကာက အသင်းခေါင်းဆောင်ပါ။ သူ့ကို အငှားချလိုက်တာက တကယ့်ကိုလောင်းကြေးထပ်လိုက်သလိုပါပဲ”လို့ ရွန်းနီက ထောက်ပြခဲ့ပါတယ်။

စီးတီးအနေနဲ့ ပထမအကျော့မှာ အရေးနိမ့်ခဲ့တာကြောင့် လာမယ့်ဒုတိယအကျော့ စပိန်မြေမှာ ရုန်းကန်ရဖို့များနေပါတယ်။ဟာလန်းက စီးတီးအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ရီးရဲလ်က ဘာပေ ၊ ဒီယက်ဇ် ၊ ဘင်လင်ဟမ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ ကာရာဘောင်ဖလားကနေလည်း ထွက်ခွာသွားခဲ့ရပြီဖြစ်ကာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။