The network connection is lost.

Banner Image

အာမိုရင်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန် ပစ်မှတ်ထားဖို့က အတွေ့အကြုံနည်းတယ် လို့ ပြောကြားလိုက်တဲ့ ရွန်နီ

ယူနိုက်တက်ရဲ့ သွင်းဂိုးအများဆုံး စံချိန်တင်ထားသူ ဝိန်းရွန်နီက ရူဘင်အာမိုရင်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန် ပစ်မှတ်ထားဖို့းက အတွေ့အကြုံနည်းတယ် လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ၁၄ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၃၄ မှတ် ကွာဟနေသလို တန်းဆင်းဇုန်းကနေရာတွေနဲ့လည်း ၁၆ မှတ်ပဲ ကွာပါတယ်။

တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ်တွင် ဖူလ်ဟမ်ကိုပင်နယ်တီဖြင့် ရှုံးကာ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီးနောက် အမ်မိုရင်က အဲဒီရှုံးပွဲကြောင့် အသင်းရဲ့ ပြည်တွင်းဆုဖလားရဖို့ ရေရှည်ရည်မှန်းချက်ကို မပြောင်းလဲဘူးလို့ ပြောခဲ့ပါတယ်။ ဒါက ရွန်နီကို အာမိုရင်ရဲ့ ရည်မှန်းချက်အပေါ် မေးခွန်းထုတ်စေခဲ့ပေမယ့် ယူနိုက်တက်နည်းပြချုပ်က သူ့အသင်းအနေနဲ့ ရည်မှန်းချက်တွေကို ပြန်စစ်ဆေးဖို့ မလိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အစပိုင်းမှာ ရွန်နီက "ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ လုပ်နေတယ်လို့ ပြောတာက နည်းနည်း အတွေ့အကြုံနည်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရှိနေတဲ့ နေရာကနေ အဲဒီအဆင့်ကို ရောက်ဖို့ အတော်လှမ်းဝေးနေပါသေးတယ်" "သူ့ကို အချိန်ပေးမှာပါ ဒါပေမယ့် ဒါက လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ ယူနိုက်တက်ကို ရောက်လာကတည်းက ကျွန်တော်တို့ မြင်နေရတာထက် ပိုကောင်းတာတွေ သူ မျှော်လင့်ထားမှာပါ"

"သူက ပရီးမီးယားလိဂ်ဖလားရဖို့ ပြောတယ် ဘယ်လိုလုပ် ယှဉ်ပြိုင်မှာလဲ။ အမှတ်ပေးဇယားမှာ ပိုမြင့်တဲ့ နေရာကို ရောက်ဖို့က သူတို့အတွက် နောက်တစ်ဆင့်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောပါတယ်။ အာမိုရင်က သူ တာဝန်ယူထားတဲ့ ၂၄ ပွဲမှာ ၁၀ ပွဲပဲ အနိုင်ရထားပေမယ့် သူ့ရဲ့ ရည်မှန်းချက်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။ ယူနိုက်တက်နည်းပြက "ချန်ပီယံဖြစ်ဖို့က ရည်မှန်းချက်ပါ"

"ဒီရာသီမှာ အနိုင်ရမယ် ဒါမှမဟုတ် နောက်ရာသီမှာ အကောင်းဆုံး ပြိုင်ဘက်ဖြစ်လာမယ်လို့ တွေးတာက အတွေ့အကြုံနည်းတာပါ" "ဒီအချိန်မှာ လူတိုင်းက အကုန်သိနေပြီလို့ ကျွန်တော် သိပါတယ်။ အဲဒါက အရမ်းလွယ်တယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော် ကစားသမားဘဝနေ အနားယူတုန်းက ဘောလုံးသုံးသပ်သူလုပ်ခဲ့ဖူးတော့ ဒါက အရမ်းလွယ်တယ်ဆိုတာ သိပါတယ်" "ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဆုဖလားရရှိဖို့ပါ"

"ဒါက ကျွန်တော့်နဲ့ ဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ အသင်းအနေနဲ့၊ ဘုတ်အဖွဲ့အနေနဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားရဖို့ပါ။ အရင်က ဒီအသင်းရဲ့ ဂုဏ်သတင်းကြီးမားမှုတွေ ဂန္ထဝင်ကစားသမားတွေနဲ့အတူ အနိုင်ရခဲ့သလိုမျိုးပေါ့" လို့ ပြောပါတယ်။