The network connection is lost.

Banner Image

ပြင်းထန်တဲ့ဖျက်ထုတ်မှုပြုလုပ်ခဲ့တဲ့ ဂေါ်ဒွန်ကို ဘာပြောခဲ့လဲဆိုတာကို ဗန်ဒိုက် ထုတ်ဖော်ပြောကြား

လီဗာပူးနောက်ခံလူ ဗန်ဒိုက်က နယူးကာဆယ်စတား ဂေါ်ဒွန်ကို ကနဦးအဝါကတ်ပဲပြသခဲ့တာနဲ့ပတ်သက်လို့ မယုံကြည်နိုင်ဖြစ်မိခဲ့ကြောင်း နဲ့ VAR ကို ကျေးဇူးတင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့ညတုန်းက လီဗာပူးဟာ အဝေးကွင်းမှာ နယူးကာဆယ်ကို ၂-၃ နဲ့  အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသက် ၁၆ နှစ်သား ရီယိုက အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရိုင်ယန်ဂရာဗန်ဘာ့ဂျ်က လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အဲ့နောက် ဗန်ဒိုက်ကို ပြင်းထန်စွာဖျက်ထုတ်ခဲ့တာကြောင့် ဂေါ်ဒွန်တစ်ယောက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

အင်္ဂလန်သားရဲ့ဖျက်ထုတ်မှုက ပြင်းထန်ခဲ့ပြီး ကွင်းလယ်ဒိုင် ဟူးပါးက ကနဦး အဝါကတ်သာပြခဲ့ပေမယ့် VAR ပြန်ကြည့်ချိန်မှာ အနီကတ်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်က ဂေါ်ဒွန်ရဲ့ဖျက်ထုတ်မှုဟာ အနီကတ်ဆိုတာရှင်းလင်းနေတယ်လို့ ပြောကြားလိုက်ပါတယ်။ 

“ကျွန်တော်သူ့ကိုပြောခဲ့ပါတယ်။ တကယ်လို့ အခုဖျက်ထုတ်မှုက အထုတ်မခံရရင် ကျွန်တော် ဘောလုံးကို နားမလည်နိုင်တော့ပါဘူး။ ကွင်းလယ်ဒိုင်ရဲ့လုပ်ရပ်က ထူးဆန်းတယ်လို့ ထင်ပါတယ်။
အဲ့နောက် မော်နီတာကို သွားခဲ့တာပါ။ ကျွန်တော့်အမြင်အရ ဘောလုံးမှာ အခုလိုအရာတွေက ဖြစ်ပျက်တတ်ပါတယ်။ တကယ်လို့ အထုတ်မခံရရင် ဒီလိုအရာတွေဖြစ်လာတတ်ပါတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်။ အဲ့တာပါပဲ”လို့ ဗန်ဒိုက်က ဆိုပါတယ်။ နယူးကာဆယ်နည်းပြ ဟိုဝီကလည်း သူ့ကစားသမားဘက်ကနေ ကာကွယ်ပြောကြားခဲ့ပြီး မရည်ရွယ်ဘူးလို့ ဆိုပါတယ်။

“ပွဲအတွင်းဖြစ်ပျက်တတ်တာမျိုးပါပဲ။ ရည်ရွယ်ချက်လုံးဝမပါပါဘူး။ လူတွေအမြင်မှာတော့ ဆိုးဝါးတယ်လို့ ထင်နေကြပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမမြင်ပါဘူး။ ဒီလျင်မြန်တဲ့ပုံရိပ်ကို ကျွန်တော်မြင်ပြီးပါပြီ။ သူက ဖျက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်လည်း အနီကတ်ပြသခံခဲ့ရပြီး အဲ့တာက အဆင်မပြေပါဘူး။

ကျွန်တော်ပြောခဲ့သလိုပါပဲ ဘာရည်ရွယ်ချက်မှမပါပါဘူး”လို့ ဟိုဝီက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းက အဲ့နောက် အက်ကီတီကီရဲ့ဂိုးနဲ့ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် နယူးကာဆယ်က တစ်ယောက်လျော့နဲ့ နောက်ကလိုက်ကစားကာ ၂-၂ သရေပြန်လာနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းအတွက် ဟီးရိုးဖြစ်ခဲ့တဲ့သူက အသက် ၁၆ နှစ်သားဟာ ရီယိုဖြစ်ပြီး အနိုင်သေချာမယ့်ဂိုးကိုသွင်းယူခဲ့ကာ လီဗာပူးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပါတယ်။