The network connection is lost.

Banner Image

အသင်းရဲ့သမိုင်းဝင်နိုင်ပွဲဆက်မှုအတွက် ဂုဏ်ယူမိကြောင်းပြောကြားလာတဲ့ ဗီလာနောက်ခံလူ ကွန်ဆာ

အက်စတွန်ဗီလာနောက်ခံလူ အက်ဇရီကွန်ဆာက အသင်းရဲ့သမိုင်းဝင်နိုင်ပွဲဆက်မှုအတွက် အလွန်ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ ဗုဒ္ဓဟူနေ့နံနက်က အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက်အနိုင်ရထားပြီး အဆိုပါစံချိန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၁ နှစ်ကတင်ရှိထားခဲ့တဲ့ ကလပ်ရဲ့ ၁၁ ပွဲဆက်အနိုင်ရရှိမှုစံချိန်ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဗီလာဟာ ၁၈၇၉ နဲ့ ၁၉၁၄ ခုနှစ်တွေမှာတင်ရှိထားခဲ့တဲ့ ၁၁ ပွဲဆက်အနိုင်ရရှိမှုစံချိန်ကိုလိုက်မီခဲ့ပြီး ၁၉၁၀ ခုနှစ်က ၉ ပွဲဆက်နိုက်အနိုင်ရရှိမှုစံချိန်ကို ကျော်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ကွန်ဆာက "အသင်းနဲ့အတူ သမိုင်းတွေဖန်တီးရတာ အရမ်းကောင်းတဲ့ခံစားချက်ပါ။ ကျွန်တော်ဒီကိုရောက်နေတာ ကြာပါပြီ။ ဒါပေမယ့် အခုလိုသမိုင်းဝင်စံချိန်တွေအရင်က မရခဲ့ပါဘူး။ ဒါကို တတ်နိုင်သလောက်ဆွဲဆန့်နိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲကွန်ဆာက ချဲလ်ဆီးနဲ့ပွဲစဉ်က အရမ်းခက်ခဲ့ကြောင်းကို "အရမ်းခက်တဲ့ပွဲပါ။ အဝေးကွင်းမှာသွားကစားရတာ ဘယ်တော့မှမလွယ်ပါဘူး။ ပထမပိုင်းအတွင်းမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ သူတို့က ကျွန်တော်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ သေချာပိတ်ဆို့ပြီးကစားခဲ့ပေမယ့် ဂိုးပေးလိုက်ရပါတယ်"

"ဒါပေမယ့် ဒီရာသီမှာ ကျွန်တော်တို့က ပြိုင်ဘက်ကို ၁ ဂိုးပဲပေးရ ‌ပေးရ ၂ ဂိုးပဲပေးရ ပေးရ ဘယ်တော့မှစိတ်ဓာတ်မကျဘဲ အဆုံးထိတိုက်ပွဲဝင်ဖို့ပြင်ဆင်ထားပြီးသားပါ။ ကျွန်တော်တို့မှာရှိတဲ့ အရည်အသွေးကို ကျွန်တော်တို့ကောင်‌ကောင်းသိပါတယ်"လို့ပြောကြားခဲ့ပါတယ်။