The network connection is lost.

Banner Image

မီတာ ၁၀၀ အား ၁၁.၁ စက္ကန့်အတွင်း ပြေးနိုင်ခဲ့တဲ့ ဗီဒီယိုကို မျှဝေလိုက်တဲ့ ယူနိုက်တက်လူငယ်ကစားသမား

ယူနိုက်တက်လူငယ်ကစားသမားလေး ဆေးလ်ဗားမက်စ်ဟာ မီတာ ၁၀၀ ကို ၁၁.၁ စက္ကန့်အတွင်း ရောက်ရှိအောင်ပြေးနိုင်ခဲ့တဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။

မက်စ်ဟာ မကြာသေးမီက ယူနိုက်တက်ရဲ့လူငယ်အဆင့်တွင် ကိုင်ရွန်းနီကဲ့သို့ ပါဝင်လာခဲ့ပြီး ပရိတ်သတ်တွေက လူငယ်လေးရဲ့ အရည်အချင်းတွေကို မြင်တွေ့ရန် စိတ်လှုပ်ရှားနေပြီဖြစ်ပါတယ်။ အသက် ၁၄ နှစ် ကောင်လေးဟာ မီတာ ၁၀၀ အား အကောင်းဆုံးပုံစံပြေးထားနိုင်တဲ့ ဗီဒီယိုကို တင်ခဲ့ပြီး ၁၁.၁ စက္ကန့်သာ ကြာခဲ့တာဖြစ်ပါတယ်။ အခြေအနေအရ အူစိန်ဘော့ရဲ့ အကောင်းဆုံးပြေးနိုင်မှုဟာ ၉.၅၈ စက္ကန့်ဖြစ်ပါတယ်။ ငယ်ရွယ်သူတစ်ယောက်အတွက် သူ့ရဲ့ အရှိန်အဟုန်က သေချာပေါက် ကြည့်သင့်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

ယူနိုက်တက်လို ကလပ်မှာ ကောင်းမွန်တဲ့ အမြန်နှုန်းထက် အများကြီး ပိုယူရပါလိမ့်မယ်။ INEOS ဟာ ထူးခြားတဲ့အရာတစ်ခုအဖြစ် ထွန်းတောက်လာနိုင်ပြီးငယ်ရွယ်တဲ့ အရည်အချင်းရှိလူငယ်လေးကို ယုံကြည်ထားပါတယ်။ လက်မှတ် ရေးထိုးပြီးချိန်မှာတော့ ဒေးဗစ်ဘက်ခမ်းနဲ့ ခရစ်စတီယာနို ရော်နယ်ဒိုတို့ ဝတ်ဆင်ခဲ့တဲ့ နာမည်ကြီး နံပါတ် ၇ အင်္ကျီကို ဝတ်ဆင်ခဲ့ပါတယ်။ သူ့မှာ ဒီကစားသမားနှစ်ယောက်ရဲ့ အရည်အချင်းတစ်ဝက်လောက်သာ ရှိသေးတယ်ဆိုရင်တောင် သရဲနီတွေက ရတနာတစ်လိုတန်ကြေးရှိတဲ့ ကစားသမားတစ်ဦး ရသွားပါပြီဖြစ်ပါတယ်။

မက်စ်ဟာ အိုင်ကွန်ကစားသမားဖြစ်တဲ့ ရော်ဘီအန်းရှောရဲ့ သားဖြစ်ပါတယ်။ ပရီးမီးယားလိဂ်၊ အင်္ဂလန်ရှိဘောလုံးလိဂ် ၃ ခု၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့နှင့် ဝေးလ်လက်ရွေးစင်အသင်းတို့မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ကျော်ကြားသူကတော့ သူ့ရဲ့သားဖြစ်သူကို မြင်တွေ့ရတာ ဂုဏ်ယူနေမှာပါ။ ဒါဟာ သူ့ကစားသမားဘဝအတွက် အလွန်စောစီးစွာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး လာမယ့်နှစ်များတွင် အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

သရဲနီတွေနဲ့ လေ့ကျင့်ရင်း သူ့အဖေက မက်စ်ကို အကြံဉာဏ်တွေ အများကြီး ပေးနိုင်မှာဖြစ်ပြီး မကြာခင် ပရီးမီးယားလိဂ်မှာ သူ့ကိုတွေ့နိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်မှ နေသန်နွမ်နာရီဟာ လက်ရှိပြိုင်ပွဲတွင် အသက်အငယ်ဆုံး ပွဲဦးထွက်သူအဖြစ် အသက် ၁၅ နှစ်တွင် ပထမဆုံးပွဲထွက်ခွင့်ရရှိထားသူဖြစ်ပြီး ဒါဟာအရှိန်အဟုန်ဖြင့် ကျော်ဖြတ်နိုင်မယ့် အရာလည်းဖြစ်ပါတယ်။