ရက်ရှ်ဖို့ဒ်အတွက် ဈေးလျော့ပြီး ကမ်းလှမ်းမှုတွေကို လက်ခံသွားမယ့် ယူနိုက်တက်
၂၀၁၆ ခုနှစ်တွင် ပထမအသင်းသို့ ရောက်လာကတည်းက ရက်ရှ်ဖို့ဒ်ဟာ အသင်းကြီးမှာ အမြဲတမ်းပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်အထိ ပွဲပေါင်း ၄၀၀ အထိ ကစားပေးထားတာဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံသားဟာ အသက် ၇ နှစ်အရွယ် ကတည်းက ယူနိုက်တက်အကယ်ဒမီသို့ရောက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ခြေစွမ်းကျဆင်းခဲ့သော်လည်း ပရိသတ်တွေရဲ့ ချစ်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီတွင် ရက်ရှ်ဖို့ဒ်ဟာ ၇ ဂိုး သာသွင်းယူနိုင်ခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာတော့ အကောင်းဆုံးခြေစွမ်းပြက ပြိုင်ပွဲစုံမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။
အဆိုပါခြေစွမ်းတွေက ပြီးခဲ့တဲ့ရာသီအထိ ဆက်လက်ပြနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့သော်လည်း ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ လူစာရင်းမှာ မပါဝင်နိုင်ခဲ့သလို နည်းပြ တန်ဟက်နှင့်လည်း အဆင်မပြေဖြစ်ခဲ့ပါတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ကလပ်အတွက် နောက်ဆုံးပွဲကို ကစားပေးရတယ်လို့ မှတ်ယူနိုင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ပြင်ဆင်ထားပြီး ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၈၀ ဝန်းကျင် သတ်မှတ်ထားကာ ပေါင်သန်း ၆၀ လောက် ရရှိပါက လက်ခံသွားဖွယ်ရှိနေပါတယ်။ ပီအက်စ်ဂျီဟာ သူ့ကို အရင်ကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်သို့ အမ်ဘာပေထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ထင်ရတာဖြစ်ပါတယ်။
အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ရာသီပြီးနောက် ဆောက်ဂိတ်ရဲ့ ၂၆ ဦးစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အခြား ပရီးမီးယားလိဂ်ပြိုင်ဘက် ကလပ်တွေထံပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။ ဂျာမနီသို့ သွားရောက်တဲ့ အင်္ဂလန်အသင်းမှာ ရက်ရှ်ဖို့ဒ် ဘာကြောင့်ချန်လှပ်ခံခဲ့ရသလဲဆိုတာကို နားလည်ကြောင်း ပြီးခဲ့တဲ့လတုန်းက တန်ဟက်က ပြောကြားထားပါတယ်။
"ဂရီးလစ်ချ်နဲ့ ရက်ရှ်ဖို့ဒ်တို့ မပါဝင်ခဲ့ပါဘူး။ ဒီရာသီမှာ သူတို့ ၂ ဦးစလုံးက ခြေစွမ်းမပြသနိုင်ခဲ့တာ ရှင်းပါတယ်။ ခြေစွမ်းပြသနိုင်ရင်တော့ နိုင်ငံအတွက် ရွေးချယ်ခံရမှာ မဟုတ်ပါဘူး" လို့ ဆားဘီးယားနှင့်ကစားမယ့်ပွဲမတိုင်မီမှာ NOS Studio Voetbal သို့ ပြောပါတယ်။
အိုးထရက်ဖို့ဒ်ရှိ သူ့ရဲ့အချိန်တွေကို အဆုံးသတ်ဖို့အတွက် သင့်တော်တဲ့အချိန်ဖြစ်မလားဆိုတာ ယူနိုက်တက်ကစားသမားဟောင်း ရွန်းနီက ပြီးခဲ့တဲ့ရာသီကုန်တုန်းက ပြောကြားခဲ့ပါတယ်။ "ထိပ်တန်းဆင့်မှာ သူက ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ သူ့အတွက် အခြားအသင်းသို့ ပြောင်းရွှေ့ကာ ကစားသင့်တဲ့အချိန်လားဆိုတာ ကျွန်တော် သိချင်ပါတယ်" "ကျွန်တော်လည်း သေချာတော့ မသိပါဘူး။ ဒီမေးခွန်းကို သူ့ကိုယ်သူ ပြန်မေးရမှာပါ။ ဒီကလပ်မှာပဲ ဆက်ရှိပြီး စံချိန်တွေကို ချိုးစေချင်ပါတယ်" "ဦးမော့ထားပြီး ကြိုးကြိုးစားစားလုပ်ဆောင်ကာ သူက အကောင်းဆုံးကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်" လို့ ရွန်းနီက ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၈ဖြင့် ရာသီ ပိတ်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ နည်းပြတန်ဟက်နှင့် လမ်းခွဲဖို့ ထင်ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း နယ်သာလန်နိုင်ငံသားဟာ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးကို အနိုင်ရရှိခဲ့ပြီး သူ့ရဲ့ရာထူးအတွက် ကယ်နိုင်ခဲ့ကာ အိုးထရက်ဖို့ဒ်သို့ ရောက်လာခဲ့ပြီးနောက် ဒုတိယမြောက် ဆုဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။