The network connection is lost.

Banner Image

သွင်းဂိုးပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ယူနိုက်တက်စတား ဟွိုက်လန်း

ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းတစ်ယောက် ပရီးမီးယားလိဂ်ပထမဆုံး ၁၄ ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ဆိုးဝါးစွာစတင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇန်နဝါရီပြီးကတည်းက ဟွိုက်လန်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း  ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကို ၄ ပွဲဆက်အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဟွိုက်လန်းက သူစွမ်းဆောင်ရည်ကျဆင်းနေစဉ်အတွင်း ကူညီခဲ့တဲ့ အသင်းဖော်တွေ နဲ့ နည်းပြ တန်ဟက်ကို ကျေးဇူးတင်ခဲ့ပါတယ်။

လူတန်တောင်းနဲ့ပွဲအပြီးမှာ ဟွိုက်လန်းက “အခုလိုမျိုးဖြစ်လာအောင် ယုံကြည်မှုတွေပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ နည်းပြကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ကြောင့်သာ ကျွန်တော် အခုလိုမျိုးဖြစ်လာခဲ့တာပါ။ ဂိုးအများကြီး သွင်းနိုင်တယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါပေမယ့် မှန်ပါတယ်။ ကျွန်တော်ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်။ အခုတော့ ကျွန်တော်လက်ရှိခြေစွမ်းကို ဆက်ထိန်းထားချင်ပါတယ်။ ဒီနေ့နိုင်ပွဲက အရေးပါပါတယ်။ ကျွန်တော်တို့ တော့တင်ဟမ်ကို လိုက်မီနိုင်ခဲ့ပါပြီ။ ဗီလာနဲ့ ကျွန်တော်တို့ တစ်သင်းနဲ့တစ်သင်း တွန်းအားပေးကစားနေကြတာပါ။ ကျွန်တော်တို့ ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါ။ အက်ဖ်အေဖလားမှာလည်း သွားနိုင်သမျှ ဝေးဝေးသွားချင်ပါတယ်။ ဆုဖလားတွေရယူနိုင်ဖို့ကလည်း ကျွန်တော်တို့ ပစ်မှတ်ပါ။ ကျွန်တော်တို့အရာအားလုံး ရယူချင်ပါတယ်”လို့ ဟွိုက်လန်းက ပြောကြားခဲ့ပါတယ်။

အတ္တလန္တာစတားဟောင်းဟာ လူတန်တောင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၆ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင် လာမယ့်စနေနေ့မှာ အက်စ်တွန်ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။