The network connection is lost.
သတင်းတွေအရ ယူနိုက်တက်ဟာ တန်ဟက်နေရာမှာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းနဲ့အစားထိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
ဆာဂျင်မီကတော့ ယူနိုက်တက်အသင်းရဲ့နည်းပြရာထူးကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေကလည်း တန်ဟက်ကို ရာသီအကုန်မှာ ထုတ်ပယ်ပြီး ဇီဒန်းနဲ့အစားထိုးဖို့ပြင်ဆင်နေသလို မန်စီးတီးအမှုဆောင် ဘာရီဒါကို အသင်းရဲ့စီအီးအိုအဖြစ် ခန့်အပ်ခဲ့သလို နယူးကာဆယ်အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝါ့တ်ကိုလည်း ကြိုးပမ်းနေပါတယ်။
တန်ဟက်ကတော့ လက်ရှိမှာရာထူးဆက်ရှိနေတယ်ဆိုပေမယ့် ရလဒ်ဆိုးဝါးနေတာကြောင့် ဖိအားတွေတော့ များပြားနေပါတယ်။ မာကာတိုသတင်းဌာနကလည်း ယူနိုက်တက်ဟာ တန်ဟက်နေရာအတွက် ဇီဒန်းကို ချိတ်ဆက်ထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဇီဒန်းကိုခေါ်ယူနိုင်ဖို့ အခက်အခဲရှိနေပြီး ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီးကတည်းက အသင်းတော်တော်များများက ချိတ်ဆက်နေကြပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ကစားသမားဘဝကနေ အနားယူပြီးကတည်းက ဇီဒန်းဟာ မက်ဒရစ်တစ်သင်းတည်းကိုသာ နည်းပြထားခဲ့တာဖြစ်ပါတယ်။
အသက် ၅၁ နှစ်သားဟာ စီနီယာအသင်းကိုမပြောင်းခင် မက်ဒရစ်(ဘီ)အသင်းမှာ နည်းပြခဲ့တာဖြစ်ပါတယ်။ အဲ့နောက် မက်ဒရစ်နဲ့အတူ လာလီဂါ ၂ ကြိမ် ၊ စပိန်စူပါဖလား နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်ပြန်လာမှုကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး လာလီဂါချန်ပီယံဆုကို တီကိုအသင်းထံလက်လွှဲပေးခဲ့ရပါတယ်။
ယူနိုက်တက်ဟာ နွေရာသီမှာ ဇီဒန်းကိုခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပြီး အသင်းရဲ့ရေရှည်စီမံကိန်းမှာ ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ဇီဒန်းကိုယ်တိုင်ကတော့ သူ့အနေနဲ့ အီတလီမြေမှာ နည်းပြလုပ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။
“အီတလီမှာနည်းပြဖို့လား?။ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ဘာမဆိုဖြစ်နိုင်ပါတယ်။ အခုချိန်မှာ ကျွန်တော်တစ်စုံတစ်ခုလုပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော် သေချာပြောနိုင်တာက နည်းပြအလုပ်နဲ့အတူ ပြန်လာမှာပါ။ အဲ့တာကို ကြိုက်ပါတယ်”လို့ ဇီဒန်းက စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။