လီဗာပူးနည်းပြ ကလော့ပ်ကို ဝေဖန်တိုက်ခိုက်လိုက်တဲ့ တော့တင်ဟမ်စတား ဂျိမ်းစ်မက်ဒီဆင်
တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်က စနေနေ့ညကပွဲအပြီးမှာ လီဗာပူးအသင်းနည်းပြ ကလော့ပ်ကို ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ တော့တင်ဟမ်ဟာ စနေနေ့ညတုန်းက ၉ ယောက်တည်း ကျန်ခဲ့တဲ့ ကလော့ပ်ရဲ့လီဗာပူးအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီယက်ဇ်တစ်ယောက် ဦးဆောင်ဂိုး မသွင်းခင် ပထမပိုင်းမှာ ကာတစ်ဂျုံးစ်က တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီယက်ဇ်ရဲ့သွင်းဂိုးဟာ လူကျွံနေတယ်ဆိုပြီး သတ်မှတ်ခဲ့သလို VARရဲ့ ဆုံးဖြတ်ချက်ကလည်း အငြင်းပွားဖြစ်ခဲ့ပါတယ်။
PGMOL ကတော့ ဒီယက်ဇ်ရဲ့သွင်းဂိုးဟာ ခွင့်ပြုခံရသင့်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲ့နောက် တော့တင်ဟမ်က ဆွန်ဟောင်မင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးအသင်းက ပထမပိုင်းအချိန်ပိုမှာ ဂတ်ပိုရဲ့သွင်းဂိုးနဲ့ သရေ ရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ နောက်တစ်ယောက် ထပ်ပြီးအထုတ်ခံခဲ့ရကာ ဂျိုတာက ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
အချိန်ပိုမှာတော့ လီဗာပူးအသင်းက မာတစ်ရဲ့Own Goal နဲ့အတူ တော့တင်ဟမ်ကို အရေးနိမ့်ခဲ့ပါတယ်။ ကလော့ပ်က အဆိုပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ own goal သွင်းယူခဲ့ပါတယ်။ အဲ့တာက လက်ခံဖို့ခက်ခဲပေမယ့် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ ပထမအနီကတ်က ကာတစ်အနေနဲ့ ဘောလုံးကိုလှမ်းယူလိုက်ပြီး ဘောလုံးကိုကျော်သွားခဲ့တာပါ။ အရမ်းမဆိုးဝါးတဲ့ ဖျက်ထုတ်မှုပါ။ အနှေးပြကွက်မှာတော့ မတူညီသလိုဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဘောလုံးကို အာရုံစိုက်ခဲ့တာဖြစ်ပြီး အဲ့တာက ကံမကောင်းခဲ့တာပါ။ ဂျိုတာရဲ့ပထမအဝါက အဝါကတ်မဟုတ်ခဲ့ပါဘူး။ အဲ့နောက် သူဒုတိယအဝါရရှိခဲ့ပြီး ကျွန်တော်တို့ ၉ ယောက်တည်းနဲ့ ကာကွယ်ခဲ့ရပါတယ်။ မင်းအနေနဲ့ တစ်စုံတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ ကစားသမားမျိုးလိုအပ်ပါတယ်။ ကျွန်တော်သူတို့ကို ဒီနေ့မှာတွေ့ခဲ့ပြီး သူတို့တိုက်ခိုက်ခဲ့ကြပါတယ်။ တကယ်လှပတဲ့ညချမ်းပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တော့တင်ဟမ်ကွင်းလယ်လူ မက်ဒီဆင်ကတော့ ထုတ်ပယ်မှုနဲ့ ပတ်သက်ပြီး ဘာပြဿနာမှမရှိသလို ကလော့ပ်ကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ဂျိုတာရဲ့အနီကတ်က သေချာပါတယ်။ ကာတစ်ဂျုံးစ်ရဲ့အနီကတ်လည်း အတူတူပါပဲ။ ဂျာဂင်အနေနဲ့ အဲ့တာနဲ့ ပတ်သက်ပြီး အများကြီးစောဒဂမတက်ဘူးဆိုတာ ကျွန်တော်မသေချာပါဘူး”လို့ မက်ဒီဆင်က ပြောကြားခဲ့ပါတယ်။