The network connection is lost.

Banner Image

ဂျာမနီအသင်းရဲ့ပထမပိုင်းအပြီး ခြေစွမ်းပြောင်းလဲမှုအပေါ် အားရကျေနပ်နေတဲ့ တိုနီခရူးစ်

မနေ့ညက ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း ဂျာမနီအသင်းဟာ ပထမပိုင်းအတွင်း ဂရိကို ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး နိုင်ပွဲရခဲ့ပါတယ်။ ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်ကတော့ ဂျာမနီအသင်းရဲ့ ဒုတိယပိုင်းမှာ ပြန်လာနိုင်မှုအပေါ် ချီးကျုးပြောဆိုသွားခဲ့ပါတယ်။
 
ခရူးစ်က "ပထမပိုင်းက ဆိုးရွားတဲ့ ၄၅မိနစ်ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ မတ်လကလောက် ကျွန်တော်တို့ မကောင်းတော့ဘူးဆိုတာ သိပေမယ့် အရင်ကလောက်တော့ မဆိုးတော့ပါဘူး။ ကျွန်တော်တို့ အမှားတွေအများကြီးလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အေးဆေးဖြစ်လွန်းနေပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ ဒုတိယပိုင်းမှာ တိုးတက်လာခဲ့ပြီး ဘောလုံးဆုံးတာလည်း နားလည်ကာ အာရုံစိုက်ထားနိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။
 
ပထမပိုင်းအတွင်းမှာ အန်းဒရစ်ချ်၊ ဖလော်ရီယန်ဝက်ဇ်၊ ကင်မစ်ချ်၊ နူအာတို့ လူပေးပုံအမှားတွေ လုပ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားပုံတိုးတက်လာပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။