The network connection is lost.

Banner Image

အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် အသင်းရဲ့အားနည်းချက်တွေကို ထောက်ပြလိုက်တဲ့ လေဗာကူဆင်ကွင်းလယ်လူအန်းဒရစ်ချ်

အာဆင်နယ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လေဗာကူဆင်ကွင်းလယ်လူအန်းဒရစ်ချ်က အခွင့်အရေးကို ပိုပြီးအသုံးချနိုင်သလို ပိုမိုတည်ငြိမ်မှုရှိတဲ့ ပြိုင်ဘက်အသင်းကို သူတို့အသင်း မယှဉ်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့သလို အာဆင်နယ်ထက် အစစအရာရာနိမ့်ပါးခဲ့တယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

အန်းဒရစ်က ပွဲအစပိုင်း ခံစစ်ပိုင်းအားနည်းချက်တွေ၊ အထူးသဖြင့် တည်ကန်ဘောတွေအပေါ် အာရုံစိုက်ပြီး ပြောဆိုခဲ့ပါတယ်။ "ပထမပိုင်းမှာ မလိုအပ်ဘဲ ထောင့်ကန်ဘောတွေ အများကြီးပေးခဲ့ရတာက အားနည်းချက်တစ်ခုပါ။ ယေဘုယျအားဖြင့် ပြောရရင်တော့ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ အများကြီးပေးလိုက်ရပါတယ်" လို့ သူက ဆိုပါတယ်။

ဒုတိယပိုင်း အစောပိုင်းမှာတင် နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရလို့ လေဗာကူဆင်အတွက် ပိုပြီး ခက်ခဲသွားစေခဲ့ပါတယ်။ "ပွဲနားပြီးပြီးချင်းမှာပဲ ၂-၀ ဂိုး ဖြစ်သွားခဲ့လို့ အဲဒီနောက်ပိုင်းမှာ ကစားရတာ တကယ်ကို ခက်ခဲသွားခဲ့ပါတယ်" လို့ ပြောပါတယ်။

အာဆင်နယ်အသင်းရဲ့ အရည်အသွေးနဲ့ ပွဲကို ထိန်းကျောင်းနိုင်မှုကိုလည်း အန်းဒရစ်ချ်က ချီးကျူးခဲ့ပါတယ်။ "နောက်ဆုံးမှာတော့ ပိုပြီးပါးနပ်ပြီး ပိုကောင်းတဲ့အသင်းကပဲ နိုင်သွားတာပါ။ အာဆင်နယ်က ပွဲချိန်တစ်လျှောက်လုံး သက်သောင့်သက်သာနဲ့ ယုံကြည်မှုရှိရှိ ကစားသွားနိုင်ခဲ့ပါတယ်" လို့ သူက ဝန်ခံခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ တိုက်စစ်ဆင်ဖို့ ကစားကွက်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမဲ့ လေဗာကူဆင်တို့ ဂိုးမရခဲ့ပါဘူး။ "ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ လူစားလဲမှုတွေလုပ်ပြီး အဆုံးသတ်မှာ ထပ်ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ အာဆင်နယ်က ခံစစ်ကို ကောင်းကောင်း ကစားသွားနိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဒီနေ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရတယ်ဆိုတာက ထိုက်တန်ပါတယ်" လို့ ဆိုပါတယ်။

တိုက်စစ်ဇုန်အတွင်း အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တာကိုလည်း သူက အဓိက အချက်အဖြစ် ထောက်ပြခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ဖြတ်တင်ဘောတွေက တိကျမှုမရှိခဲ့သလို အဆုံးသတ်ဂိုးကန်သွင်းမှုတွေကိုလည်း စောစောစီးစီးမလုပ်နိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ ဒီလိုအချက်တွေကပဲ အဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။