The network connection is lost.

Banner Image

အငှားဖြင့်ရောက်ရှိလာတဲ့ မူအာနီရဲ့စွယ်စုံအရည်အသွေးကို ချီးကျူးလိုက်တဲ့ သောမတ်စ်ဖရန့်ခ်

တော့တင်ဟမ်က ပီအက်စ်ဂျီထံမှ မူအာနီကို အငှားဖြင့် ခေါ်ယူနိုင်ခဲ့တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၃၁ ပွဲ ပါဝင်ကစားပေးထားတဲ့ တိုက်စစ်မှူးက မြောက်လန်ဒန်အရပ်ဆီ ရောက်ရှိလာပြီးနောက် ကျောနံပါတ်-၃၉ ဂျာစီကို ဝတ်ဆင်သွားပါမယ်။

တော့တင်ဟမ်နဲ့ စာချုပ်,ချုပ်ဆိုပြီးနောက် မူအာနီက “ အခုလိုကြီးကျယ်ခမ်းနားလှတဲ့ကလပ်အသင်းတစ်ခုမှာ ရှိနေရလို့ အလွန်ပျော်ရွှင်ဂုဏ်ယူမိပါတယ်။ အပြင်ထွက်ပြီး အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့တွေ့ဆုံခွင့်ရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ကျွန်တော့်ဆီမှ နည်းပြကိုယ်တိုင် ဘာတွေမျှော်လင့်ထားသလဲဆိုတာကို သိပါတယ်။ ကျွန်တော်က ဒီကလပ်အသင်းအတွက် တိုက်ပွဲဝင်သွားမှာပါ။ ဒီကလပ်အသင်းအတွက်လည်း အစွမ်းကုန်ပေးဆပ်သွားပါမယ်”လို့ ပြောပါတယ်။

တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်ကလည်း မူအာနီရဲ့အကောင်းဆုံးနေရာနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို အဖြေပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ကစားသမားကို စွယ်စုံရပုံစံမျိုးနဲ့ကစားသွားဖို့ မျှော်လင့်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်က “ မူအာနီရဲ့ကစားသမားဘဝမှာ အရွယ်ကောင်းတစ်ခုဆီ ရောက်ရှိနေပါပြီ။ သူ့ဆီမှာ အရည်အသွေးကောင်းတွေရှိနေပြီး ဒါက ကျွန်တော်တို့အတွက်ရော၊ ပရီးမီးယားလိဂ်အတွက်ပါ အံဝင်ခွင်ကျ ဖြစ်လာပါလိမ့်မယ်။ သူက ကျွန်တော်တို့အတွက် တိုက်စစ်ပိုင်းမှာ မတူညီတဲ့ရွေးချယ်မှုတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ တောင်ပံမှာလည်း ကစားနိုင်သလို အထောင်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ပါတယ်။

မူအာနီက နှစ်ကာလအတော်ကြာ သူ့ရဲ့အရည်အသွေးကို သက်သေပြထားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကစားခဲ့ဖူးသလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပါတယ်”လို့ ဆိုပါတယ်။ ပြင်သစ်တိုက်စစ်မှူးက အခုနွေရာသီကာလ၊ သောမတ်စ်ဖရန့်ခ်ရဲ့အသင်းအတွက် ခုနစ်ဦးမြောက် ကစားသမားသစ် ဖြစ်လာပါတယ်။