ဂါနာချိုထံက အကောင်းဆုံးပုံစံကို ယူနိုက်တက်က ဘယ်လိုညှစ်ထုတ်နိုင်သလဲဆိုတာ ရှင်းပြလိုက်တဲ့ တန်ဟက်
အဲရစ်တန်ဟက်က အာရုံစူးစိုက်မှုရှိနေဖို့ ဂါနာချိုကို သတိပေးခဲ့ရပေမယ့် ယူနိုက်တက်တောင်ပံကစားသမားဟာ သူ့ရဲ့အရည်အချင်းတွေကို အကောင်းဆုံးအသုံးချနိုင်မယ်လို့ ယုံကြည်နေပါတယ်။ဂါနာချိုဟာ အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြသခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်နှင့် မားကပ်ရက်ရှ်ဖို့ဒ်တို့က ပင်နယ်တီနှစ်လုံးစလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံသားဟာ ယခုနှစ်ရာသီအစောပိုင်းက အဲဗာတန်နှင့်ပွဲမှာ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၅ လတာကာလအတွင်းမှာ ယူနိုက်တက်ရဲ့ အရေးပါဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။"သူက စိန်ခေါ်မှုတစ်ခုလိုပြီး ဒါတွေကိုကြိုက်တဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ရဲ့အလုပ်က သူ့ကို မြင့်မားတဲ့အဆင့်အထိရောက်အောင် တွန်းပို့ဖို့ပါပဲ"
"သူ့မှာ အလားအလာကောင်းတွေရှိပြီး ကျွန်တော်တို့က အဲ့ဒီအရာတွေကို ထုတ်ဖော်ပေးရမှာပါ။ ဒါကြောင့် နေ့စဉ်အလုပ်ပြီး ကြိုးစားရမှာပါ။ သူက အာရုံစူးစိုက်မှုကို ထိန်းထားနိုင်ပြီး မှန်ကန်တဲ့ အားထုတ်မှုတစ်ခုကို ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာဖြစ်ပြီး သူလိုလူငယ်ကစားသမားတွေအတွက်တော့ ခက်ခဲပါတယ်။ ကျွန်တော်တို့မှာ သူတို့အတွက် လုပ်စရာတွေရှိပါတယ်" လို့ တန်ဟက်က အနိုင်ရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
တောင်ပံကစားသမားဟာ၂၀၂၂ ခုနှစ် ရာသီကြိုခရီးစဉ်တွင် အသင်းရဲ့နံနက်စာစားချိန် နောက်ကျခြင်းကြောင့် နည်းပြရဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ရာသီအစောပိုင်းတွင် ပွဲများမှာလည်း ရုန်းကန်ခဲ့ရပါတယ်။ဒါပေမယ့် ယူနိုက်တက်ရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၈ ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် စတင်ကစားခဲ့တဲ့ ဂါနာဟာချိုဟာ သူ့ရဲ့ လုပ်အားနှုန်းနဲ့ ဘောလုံးနှင့်အတူ လှုပ်ရှားမှုများတွင် တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။
တန်ဟက်က လူငယ်ကစားသမားကို သတိပေးစကားပြောကြားခဲ့ပြီး "ငယ်ရွယ်တုန်းမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တွင် ၃ရက်တိုင်းမှာ ၁ ပွဲကစားပြီး ဘယ်လိုအကောင်းဆုံးကစားရမလဲဆိုတာ မသိပါဘူး။ အကောင်းဆုံးဖြစ်ဖို့ အရည်အချင်းတွေ အများကြီးလိုတယ်" လို့ တန်ဟက်က ပြောပါတယ်။ဂါနာချိုဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၇ ဂိုး သွင်းယူထားပြီး နောက်ထပ် ၅ ဂိုးအထိ ဖန်တီးပေးထားပါတယ်။
အဲဗာတန်တို့ကို အနိုင်ယူပြီး ဖူလ်ဟမ်နဲ့ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို တုံ့ပြန်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို အာရုံစိုက်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ်တွင် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနှင့် ရင်ဆိုင်ရမည်ဖြစ်ပါတယ်။