The network connection is lost.

Banner Image

ရာသီကြိုခရီးစဉ်အတွက် ကြိုတင်ရင်ခုန်နေပြီဖြစ်ကြောင်း တန်ဟက် ပြောကြား

ယူနိုက်တက်နည်းပြ တန်ဟက်က လာမယ့်ရာသီအတွက် ဂါနာချိုနဲ့ ကိုဘီမီနူးတို့လို နောက်ထပ်ကစားသမားတွေ ထွက်ပေါ်လာမှာကို ရင်ခုန်နေသလို ကစားသမား အသစ်တွေနဲ့လည်း ပူးပေါင်းဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

နိုင်ငံအသင်းမကန်ရတဲ့ ယူနိုက်တက်စားသမားတွေဟာ လာမယ့်တနင်္လာနေ့မှာ အသင်းနဲ့ရာသီကြိုခရီးစဉ်အတွက် ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ မီနူးကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်နဲ့အတူ တစ်ရာသီလုံးနီးပါးပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ပါဝင်ခဲ့ကာ ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဂါနာချိုကလည်း ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၅၀ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၁၀ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့ ၂ ဦးစလုံးစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် သက်ဆိုင်ရာနိုင်ငံအသင်းတွေက ခေါ်ယူခဲ့ပါတယ်။

သတင်းထောက်တွေက နယ်သာလန်သားကို ပြောကြားရာမှာ “ရာသီတိုင်း နားရက်အပြီးမှာ ခင်ဗျားအနေနဲ့ အံ့ဖွယ်တွေမြင်ရပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာလည်း ဘယ်သူက ကိုဘီတို့လိုဖြစ်လာမလဲ စောင့်ကြည့်နေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကိုဘီကော ၊ အလီဂျန်ဒရိုကော ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူတို့အက်ဖ်အေဖလားဖိုင်နယ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီနေ့ကျွန်တော်တို့လေ့ကျင့်ခန်းစတင်ခဲ့ပြီး ဘယ်ကစားသမားက တူညီတာမျိုးလုပ်နိုင်မလဲကြည့်ရပါမယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

အက်ဖ်အေဖလားချန်ပီယံ ယူနိုက်တက်ဟာ အခုလထဲမှာ အမေရိကမြေကို ခြေစမ်းပွဲ ထွက်ခွာမှာဖြစ်ပြီး အာဆင်နယ် ၊ လီဗာပူးတို့လို အသင်းတွေနဲ့ ခြေစမ်းပွဲမှာ ကစားမှာဖြစ်ပါတယ်။