The network connection is lost.

Banner Image

အသင်းဖော်ဟောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပတ်ပြောင်းလဲခဲ့တဲ့ ဘရိုက်တန်စတား

ဘရိုက်တန်အသင်းစတား မီလ်နာတစ်ယောက် အသင်းဖော်ဟောင်း ဂျိုတာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပတ် ၂၀ ကိုပြောင်းလဲဝတ်ဆင်မယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျိုတာ နဲ့ သူ့ညီ အန်ဒရီဆေးလ်ဗားတို့ဟာ အခုဇူလိုင်လအစောပိုင်းတုန်းက စပိန်မြေက အဝေးပြေးလမ်းတစ်ခုမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဂျိုတာဟာ ကျောနံပတ် ၂၀ ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး ၂၀၂၃ မှာ ဘရိုက်တန်ကိုမပြောင်းခင် မီလ်နာက အသင်းဖော်ဟောင်းနဲ့အတူ ၃ ရာသီဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

“ဘာလီဘာက သူ့ကျောနံပတ်ပြောင်းတော့ ၂၀ က လွတ်နေပါတယ်။ ကျွန်တော် ဂျိုတာကို လေးစားတဲ့အနေနဲ့ ဂုဏ်ပြုချင်တာကြောင့် အဲ့ကျောနံပတ်ကို ဝတ်ဆင်မှာပါ။ သူက အံ့ဖွယ်ကစားသမားဖြစ်သလို သူနဲ့တွဲကစားခွင့်ရခဲ့တာက ကျွန်တော်ကံကောင်းပါတယ်။ သူက သူငယ်ချင်းကောင်းတစ်ဦးဆိုလည်း မမှားပါဘူး။ ဒါကြောင့် သူ့ကျောနံပတ်ကို သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဝတ်ဆင်မှာပါ”လို့ မီလ်နာက ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ ကျောနံပတ် ၂၀ ကို အပြီးသတ်အနားပေးခဲ့ပြီး အသင်းရဲ့ဘယ်အဆင့်မှာမဆို အဆိုပါနံပတ်ကို အသုံးမပြုဖို့ ပိတ်ပင်ခဲ့ပါတယ်။ အသက် ၃၉ နှစ်သား မီလ်နာဟာ ဘရိုက်တန်နဲ့ ၁ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှတ်တိုင်စိုက်ထူနိုင်ဖို့ ချဉ်းကပ်နေပါတယ်။ လက်ရှိမှာ မီလ်နာဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၃၈ ပွဲအထိ ပါဝင်ကစားထားပြီး သမိုင်းတစ်လျှောက်ပွဲအများဆုံးစံချိန်တင်ထားတဲ့ ဂါရတ်ဘယ်ရီရဲ့ ပွဲ ၆၅၃ ပွဲစံချိန်ကို လိုက်မီနိုင်တော့မှာဖြစ်ပါတယ်။