The network connection is lost.

Banner Image

ရာသီကုန် ပရီးမီးယားလိဂ်ရပ်တည်မှုဇယားကို ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ

စူပါကွန်ပြူတာတစ်လုံးဟာ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီကုန် အတွက် ရပ်တည်မှု အခြေအနေတွေကို ခန့်မှန်းထားပြီး ခန့်မှန်းချက်အရ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးတို့က ဘယ်လိုအဆင့်တွေမှာ ရပ်တည်သွားမလဲဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။
 
လက်ရှိ ပွဲစဉ် ၄ ပွဲကစားပြီးတဲ့အချိန်မှာတော့ ချန်ပီယံဟောင်းမန်ချက်စတာစီးတီး အသင်းက ၄ ပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး တော့တင်ဟမ်၊ လီဗာပူး၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်အသင်းတို့က ၁၀ မှတ်စီနဲ့ ဒုတိယနေရာအတွက် ပြိုင်ဆိုင်နေကြတာ ဖြစ်ပါတယ်။
 
လက်ရှိမှာ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိပ်ဆုံးလေးသင်းသာ သတ်မှတ်ထားသော်လည်း လာမယ့်နှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ဥရောပ ပွဲစဉ်တွေမှာ စွမ်းဆောင်ရည်အကောင်းဆုံး အသင်းတွေရှိနေတဲ့ နိုင်ငံအတွက် တစ်သင်းထပ်တိုးပြီး ၅ သင်းအထိ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။
 
ယခုအခါ အော်ပတာဒေတာရဲ့ ခန့်မှန်းချက်အရ ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၄ သင်းစာရင်းမှာ ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ခန့်မှန်းချက်အရ ထိပ်ဆုံးမှာတော့ ထုံးစံအတိုင်း မန်ချက်စတာစီးတီးက ချန်ပီယံလိဂ်ဝင်ခွင့် ၉၉ ဒဿမ ၉၃ ရာခိုင်နှုန်း၊ ယူရိုပါလိဂ်ဝင်ခွင့် ၀ ဒဿမ ၀၆ ရာခိုင်နှုန်းနဲ့ရပ်တည်နေပါတယ်။ ဒါ့အပြင် ဒုတိယနေရာမှာတော့ ပြီးခဲ့တဲ့ ရာသီမှာ စိတ်ပျက်စရာ အဆင့် ၅ နေရာသာ ရရှိခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းက ရပ်တည်နေပါတယ်။
 
ပြီးခဲ့တဲ့ရာသီမှာ ဒုတိယနေရာအထိရောက်ရှိခဲ့တဲ့ အာဆင်နယ်ကတော့ ဒီရာသီမှာ တစ်ဆင့်ကျကာ ချန်ပီယံလိဂ်ဝင်ခွင့် ၈၂ ဒဿမ ၄၃ ရာခိုင်နှုန်းနဲ့တတိယနေရာမှာ ရပ်တည်နေပါတယ်။ အဆင့် ၄ နေရာမှာတော့ ယူနိုက်တက်ကို ကျော်လွန်ပြီး တော့တင်ဟမ်က ချန်ပီယံလိဂ်ဝင်ခွင့် ၃၁ ဒဿမ ၆၈ ရာခိုင်နှုန်းနဲ့ ရပ်တည်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
 
ယခုရာသီအစမှာ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ကို ရှုံးနိမ့်ထားပြီး ခြေစွမ်းကောင်းရရှိဖို့ ရုန်းကန်နေရတဲ့ ယူနိုက်တက်ကတော့ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သို့သော် ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၁၂ သာရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းကတော့ အဆင့် ၁၁ ကိုတက်ရောက်လာနိုင်မယ်လို့သိရှိရပါတယ်။
 
ခန့်မှန်းချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
 
၁။ မန်စီးတီး
၂။ လီဗာပူး
၃။ အာဆင်နယ်
၄။ တော့တင်ဟမ်
၅။ ယူနိုက်တက်
၆။ ဘရိုက်တန်
၇။ နယူးကာဆယ်
၈။ ဝက်စ်ဟမ်း
၉။ အက်စတွန်ဗီလာ
၁၀။ ဘရန့်ဖို့ဒ်
၁၁။ ချဲလ်ဆီး