The network connection is lost.

Banner Image

ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အသင်းရဲ့တုံ့ပြန်ပုံကို ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ

ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဇီဗက်စ်ဒါ အသင်းကို ၃-၁ နဲ့ နောက်ကနေ လိုက်ကစားနိုင်ခဲ့ပြီးနောက် ဂွါဒီယိုလာက အသင်းရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။
 
ချန်ပီယံလိဂ်ချန်ပီယံတို့ဟာ ဆားဘီးယားကလပ်ရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် နောက်ကနေလိုက်ကစားပြီး ၃-၁ နဲ့ အနိုင်ကန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့သလိုမျိုး ပထမပိုင်းအပြီးမှာ အယ်လ်ဗာရက်ဇ် ၊ ရိုဒရီတို့ရဲ့ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
 
“အဆုံးသတ်မှာ ကျွန်တော်တို့ ပထမပိုင်းတုန်းက ၁-၀ နဲ့ အရေးနိမ့်နေတာပါ။ အဲ့နောက် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး ချန်ပီယံလိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ သက်သေပြနိုင်ခဲ့တာက ကောင်းပါတယ်။ ၂ ပွဲစလုံး ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့ တိုးတက်လာတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့တာက အရမ်းအရမ်းကောင်းပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
 
ဂွါဒီယိုလာက ဂိုးသွင်းခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်နဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “သူ့ရဲ့ရွေ့လျားမှုက အရမ်းမြန်ပါတယ်။ သူက ငယ်ရွယ်ပြီး ခြေစွမ်းခြေစရှိပါတယ်။ အသင်းရဲ့အကောင်းဆုံး ခေါ်ယူမှုပါ။ သူ့မှာ လိုအပ်တာတွေရှိနေပါတယ်။ ဂိုးအတွက်ကော ဂိုးဖန်တီးမှုအတွက်ပါရှိနေပါတယ်။ သူက ချစ်ဖို့ကောင်းတဲ့ကစားသမားပါ။ ဟာလန်းအနောက်မှာ ကစားရပေမယ့် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ရိုဒရီကတော့ အကောင်းဆုံးပါ။ ဒါပေမယ့် သူဒီထက်ပိုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသေးတယ်။ သူ့မှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ရှိနေသလို တိုးတက်လာတွေရှိပါတယ်။ ဒီလိုကစားသမားတွေ ရှိနေတာက အသင်းအတွက် ကံကောင်းပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
 
စီးတီးမှာ ဒဏ်ရာကစားသမားတွေများနေပြီး ဘာနာဒိုဆေးလ်ဗားလည်း ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဇီဗက်ဒါ နည်းပြ ဘာချာကတော့ စီးတီးကပိုကောင်းတဲ့အသင်းလို့ ချီးကျူးခဲ့ပါတယ်။
 
“ကျွန်တော်တို့ကြိုးစားပြီး တိုက်ပွဲဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ စောစောစီးစီးဂိုးပေးလိုက်ရပါတယ်။ သူတို့ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ။ သူတို့က ထိပ်တန်းအသင်းပါ။ ပြီးတော့ ထိပ်တန်းကစားသမားတွေ အများအပြားရှိနေပါတယ်။ ဂိုးပေးလိုက်ရချိန်မှာ ပြန်လာနိုင်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ ဒီလိုပွဲကနေ သင်ယူရမှာပါ”လို့ ဘာချာက ပြောကြားခဲ့ပါတယ်။