လီဗာပူးနှင့် ယူနိုက်တက်တို့ ချိတ်ဆက်နေတဲ့ ဂွန်ကာလိုအင်နာစီယိုအတွက် စျေးနှုန်းသတ်မှတ်လိုက်တဲ့ စပို့တင်း
အသက် ၂၂ နှစ်အရွယ် ဗဟိုခံစစ်ကစားသမားဟာ ၂၀၂၀-၂၁ ရာသီတွင် စပို့တင်းရဲ့ ပထမအသင်းတွင် ပါဝင်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်များရဲ့ ရေဒါတွင် အချိန်အတော်ကြာအောင် ရှိနေခဲ့ပါတယ်။ သူဟာ နည်းပြ ရူဘင်အာမိုရီရဲ့ လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ယူရို ၂၀၂၄ ကစားမယ့် ပေါ်တူဂီအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး လက်ရွေးစင်အသင်းအတွက် ၈ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် သူ့ကို ခေါ်ယူနိုင်တဲ့ အဓိကအသင်းဖြစ်ကြောင်း Bola က ဖော်ပြထားသလို လီဗာပူးရဲ့ရေဒါတွင် အင်နာစီယိုက အခိုင်အမာရှိနေပါတယ်။ စပို့တင်းဟာ အသင်းရှိအဓိက ကစားသမားတွေထဲမှ တစ်ဦးကို ထိန်းထားရန် စိတ်အားထက်သန်သော်လည်း ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုကို ကောင်းစွာသဘောပေါက်ထားပြီး အချို့သော အဆင့်များတွင် ရောင်းချခြင်းမှ ရှောင်လွှဲ၍ မရနိုင်ကြောင်း သိထားပါတယ်။
ပေါ်တူဂီကလပ်ဟာ နောက်ခံလူကို ဈေးပေါပေါဖြင့် ထွက်ခွာခွင့်ပြုမှာမဟုတ်ဘဲ စာချုပ်ဖျက်သိမ်းခတန်ကြေးအဖြစ် အနည်းဆုံး ယူရိုသန်း ၆၀ (ပေါင် ၅၀.၅ သန်း) ဖြင့်ကမ်းလှမ်းမှု မပြုလုပ်မချင်း စေ့စပ်ညှိနှိုင်းမှုတွင်ပင် ပါဝင်မှာမဟုတ်ပါဘူး။ အင်နာစီယိုဟာ ပြီးခဲ့တဲ့နှစ်က စပို့တင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး သူ့ရဲ့စာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ ရှိသေးတာကြောင့် ပေါ်တူဂီချန်ပီယံတွေအတွက် ဈေးနှုန်းညှိနှိုင်းမှုတွင် အသာစီးကရှိနေတာဖြစ်ပါတယ်။
အင်နာစီယိုဟာ ယခုနွေရာသီတွင် ပေါ်တူဂီလက်ရွေးစင်အသင်း အတွက် ယူရိုတွင် ပွဲထွက်ကစားခွင့်ရရှိရန် မျှော်ငလ့်ထားပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ အနီးကပ်စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်တွင် တူရကီ၊ ဂျော်ဂျီယာ၊ ချက်သမ္မတနိုင်ငံတို့နှင့် ယှဉ်ပြိုင်ရန် ရောဘတ်တို မာတီနက်ဇ်က ပြင်ဆင်နေချိန်တွင် အသင်းရဲ့ဗဟိုခံစစ်မှာ အသက် ၄၁ နှစ်အရွယ် ပီပီနှင့် ရူဘင်ဒီယက်စ်တို့လည်း ရှိနေပါတယ်။
နည်းပြ မာတီနက်ဇ်ဟာ ဥရောပရှိ မည်သည့်ကစားသမားဖြစ်စေ လိုချင်ကြောင်း Futebol Total အား ပြောကြားခဲ့ပြီး အရင်တုန်းက အင်နာစီယိုကို ချီးကျူးခဲ့ပါသေးတယ်။ "ကစားသမားရဲ့ ပရိုဖိုင်က အရေးကြီးပါတယ်။ အင်နာစီယိုက ဥရောပဘောလုံးလောကတွင် တော်တော်များများက လေ့လာနေသူဖြစ်ပါတယ်။ ဗဟိုခံစစ်မှာကစားနိုင်သလို ဘယ်ခြေသန်ဖြစ်တာကြောင့် အတွင်းမှာကလည်းကစားနိုင်ကာ အရည်အချင်းရှိပြီး ဂိုးတွေသွင်းနိုင်တဲ့သူလည်းဖြစ်ပါတယ်"လို့ ပေါ်တူဂီနည်းပြက ပြောကြားခဲ့ပါတယ်။