ဂျာမနီပွဲမှာ ရရှိခဲ့တဲ့ ပက်ဒရီရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ စပိန်
ပက်ဒရီဟာ ယူရို ၂၀၂၄ ရဲ့လက်ကျန်ပွဲမှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူးလို့ စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောကြားလိုက်ပါတယ်။ ဘာစီလိုနာကွင်းလယ်ကစားသမားဟာ ယခုနွေရာသီတွင် လူးဝစ်ဒီလာဖူရန်တီရဲ့ လူစာရင်းတွင် အဓိကပါဝင်နေပြီး ပွဲစဉ် ၅ ပွဲအနက် ၄ ပွဲအထိ ပါဝင်ကစားထားတာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အိမ်ရှင်ဂျာမနီအား အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲရဲ့ ပထမပိုင်း ဆယ်မိနစ်အတွင်း ဒဏ်ရာကြောင့် အိုလ်မိုနှင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ပက်ဒရီဟာ သူ့ရဲ့ငယ်ရွယ်တဲ့ကစားသမားဘဝတစ်လျှောက်လုံး ကြံ့ခိုင်မှုပြဿနာများနှင့်အပြင် ဒဏ်ရာပြဿနာများ ထပ်မံဖြစ်ပွားခဲ့ပြီး အံသြဖွယ်ကစားသမားလေးဟာ ပြိုင်ပွဲရဲ့နောက်ထပ်ပွဲစဉ်တွေမှာ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။
ပက်ဒရီဟာ ငယ်ရွယ်စဉ်တွင် ဒဏ်ရာများစွာရရှိထားသူဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒူးတွင် ပထမဆုံးဒဏ်ရာရရှိခြင်းလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမနီဂန္တဝင် တိုနီခရော့စ်တို့နှင့် တိုက်မိပြီးနောက် ကြွက်သားတွေ နာကျင်လာခဲ့တာဖြစ်ပါတယ်။
စပိန်သားဟာ ကွင်းအတွင်းကနေ မျက်ရည်များဖြင့် ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရသော်လည်း အသင်းဖော်များနှင့် ဆေးအဖွဲ့ဝန်ထမ်းများရဲ့ ကူညီမှုအချို့နှင့်အတူ လမ်းလျှောက်နိုင်ခဲ့ပါတယ်။ နိုင်ပွဲအပြီးတွင် သူ့ရဲ့နေရာကိုအစားဝင်ရောက်ခဲ့တဲ့ အိုလ်မိုက "ဒီနိုင်ပွဲက ပက်ဒရီ အတွက်ပါ။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ဦးဖြစ်လို့ ဒါဟာ ထိုးနှက်ချက်တစ်ခုပါ" လို့ပြောခဲ့ပါတယ်။
မစ်ကယ်မာရီနိုက ၁၁၉ မိနစ်တွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နည်းပြ နာဂယ်စ်မန်းရဲ့ အသင်းအတွက် အဆုံးသတ်ခဲ့ပြီး စပိန်အသင်းကတော့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်ပါတယ်။
လူငယ်ကစားမသား ရမ်မဲလ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ လူစားဝင်ကစားသမား အိုလ်မိုက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံတွေက အသားစီးရယူနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ကစားသမား ဖလော်ရီယန်ဝစ်ဇ်က ဂျာမနီအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
အချိန်ပိုမှာတော့ ရီးရဲလ်ဆိုစီဒက်ရဲ့ မာရီနိုရဲ့ဂိုးသွင်းမှုကို ဂျာမနီဂိုးသမား နူအာက မကာကွယ်နိုင်ခဲ့တာကြောင့် စပိန်တို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဂျာမနီအတွက် ရှုံးနိမ့်ခြင်းဟာ ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရခြင်းသာမကဘဲ နွေရာသီအပြောင်းအရွှေ့အပြီးတွင် ကစားသမားဘဝမှ အနားယူမယ်လို့ပြောကြားထားတဲ့ အသက် ၃၄ နှစ်အရွယ် တိုနီခရုစ်ရဲ့ ကစားသမားဘဝကိုလည်း အဆုံးသတ်စေခဲ့ပါတယ်။