The network connection is lost.

Banner Image

အာဆင်နယ်မှာပဲ ပွဲထွက်ခွင့်တစ်နေရာတိုက်ပွဲဝင်ချင်နေတဲ့ စမစ်ရို

အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုတစ်ယောက် အသင်းပြောင်းဖို့ထက် အသင်းမှာပဲ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်း အတွက် ပွဲထွက်ခွင့်မရခဲ့ပဲ ဒဏ်ရာ ရရှိပြီးနောက် ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။
 
အင်္ဂလန်သားကို မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းက ချိတ်ဆက်ခဲ့ပေမယ့် အာဆင်နယ်က ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ညက ဘရန့်ဖို့ဒ်အသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ ရက်ပေါင်း ၄၉၉ ရက်အတွင်း ပထမဆုံးပါဝင်ခွင့်ရရှိခဲ့ကာ အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
 
“အာဆင်နယ်လိုအသင်းကြီးမှာ ကျွန်တော်တို့ ပြိုင်ဆိုင်မှုပြင်းထန်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲ့တာက အမြဲတမ်းစိန်ခေါ်မှုရှိနိုင်ပါတယ်။ ဒီလိုအသင်းမျိုးမှာ ပွဲထွက်ခွင့်အတွက် ခက်ခဲနိုင်ပါတယ်။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်ကစားပြီး ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်ချင်ပါတယ်။ အသင်းကို ပြန်လာနိုင်ခဲ့တာက ကောင်းမွန်သလို ကျွန်တော်အကောင်းဆုံးပြန်လာနိုင်အောင် စွမ်းဆောင်သွားမှာပါ။ အာတီတာကလည်း ကျွန်တော့်ကိုအများကြီး ကူညီပေးပါတယ်။ ဒဏ်ရာ ရရှိနေချိန်မှာလည်း ကျွန်တော့်ကို သူကူညီခဲ့ပါတယ်”လို့ စမစ်ရိုက ပြောကြားခဲ့ပါတယ်။
 
အာဆင်နယ်အသင်းရဲ့ပွဲဆက်တွေများမယ့်အနေအထားမှာ စမစ်ရိုက သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ ယုံကြည်နေပါတယ်။
 
“ကျွန်တော့်စိတ်ပိုင်းဆိုင်ရာကို အနည်းငယ်အပြောင်းအလဲလုပ်ထားခဲ့ပါတယ်။ ဘာမှမရှုံးသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ပြောင်းလဲနိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်သံသယတွေကို အသုံးပြုပါတယ်။ ကျွန်တော့်ယုံကြည်မှုကိုလည်း အချိန်တိုင်းမေးခွန်းထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အရမ်းသန်မာပါတယ်။ ကျွန်တော် ကြံ့ခိုင်မှုဖြစ်နေပြီလို့ ခံစားရပါတယ်။ အဲ့တာကို အလျင်အမြန်ရယူချင်ပါတယ်”လို့ စမစ်ရိုက ပြောကြားခဲ့ပါတယ်။