
ယူနိုက်တက်နည်းပြသစ် နေရာအတွက် ဒီဇာဘီကို မျက်စိကျနေတဲ့ ဆာဂျင်ရက်ကလစ်ဖ်
ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့အနာဂတ်ကို ချိန်ဆနေတာကြောင့် ဆာဂျင်မ်ရက်ဖ်ကလစ်နဲ့ INEOS တို့ဟာ ဘရိုက်တန်နည်းပြ ဒီဇာဘီကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
စနေနေ့က ဖူလ်ဟမ်နှင့်ပွဲတွင် ယူနိုက်တက်ရဲ့ ၁၀ ကြိမ်မြောက် ပရီးမီးယားလိဂ်ရှုံးနိမ့်မှုကို ကြီးကြပ်ပြီးနောက် အိုးထရက်ဖို့ဒ်ရှိ တန်ဟက်ရဲ့ အုပ်ချုပ်မှုက မသေချာ မရေရာတဲ့ဘက်သို့ ကျဆင်းသွားခဲ့ပါတယ်။ ရက်ဖ်ကလပ်ရဲ့ ပေါင် ၁.၃ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုဟာ ယခုလအစောပိုင်းတွင် တရားဝင်ဖြစ်လာခဲ့ပြီး လာမယ့်နှစ်များတွင် ကွင်းတွင်းနှင့်ပြင်ပမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုများရှိလာဖို့ မျှော်လင့်ချက်ဖြစ်ပေါ်စေခဲ့ပါတယ်။
INEOS ဟာ ထိပ်တန်းအားကစားရပ်ဝန်းဖြစ်လာဖို့အတွက် လုပ်ဆောင်နေပြီး စီအီးအိုအသစ်အဖြစ် အိုမာဘရာဒါကို ခန့်အပ်ထားသလို ကလပ်ရဲ့ပထမဆုံး အားကစားဒါရိုက်တာအဖြစ် ဒန်အက်ရှ်ဝပ်ကို ခန့်အပ်နိုင်ဖို့ စည်းရုံးလုပ်ဆောင်နေပါတယ်။ တန်ဟက်ရဲ့ ဒုတိယရာသီမှာ ရလဒ်များကျဆင်းနေပြီး အသင်းရဲ့ ဦးတည်ချက်အသစ်မှာ လက်ရှိနည်းပြကိုပဲ ဆက်လက်ခန့်အပ်မလားဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
Manchester Evening News ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှုကို ပထမဆုံးရရှိစေမယ့် ခေတ်သစ်သို့ လမ်းညွှန်ပေးမယ့် နည်းပြအဖြစ် နယ်သာလန်နိုင်ငံသားကို မယုံကြည်နေတာဖြစ်ပါတယ်။
ရာသီကုန် ဒါမဟုတ် အစောပိုင်းတွင် တန်ဟက်နှင့် လမ်းခွဲရန် ဆုံးဖြတ်ပါက INEOS ဟာ အလားအလာရှိတဲ့ အစားထိုးမှုများအတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့ အခိုင်အမာဆိုထားပါတယ်။ အစီရင်ခံစာတွင် ဒီဇာဘီသည် မန်စီးတီးရှိ ပက်ဂွါဒီယိုလာရဲ့နေရာကို ဆက်ခံနိုင်တဲ့ ရေဒါထဲတွင် ရှိနေသလို အိုးထရက်ဖို့ဒ်က စိတ်ဝင်စားတဲ့ အနေအထားတွင်လည်းရှိနေပါတယ်။
အက်စ်တွန်ဗီလာက လူတန်တောင်းကို အနိုင်ရရှိပြီး တနင်္ဂနွေနေ့မှာကစားမယ့် မန်ချက်စတာ ဒါဘီမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါက ထိပ်ဆုံး ၄ သင်း ရဲ့နောက် ၁၁ မှတ် ကွာသွားမှာဖြစ်ပါတယ်။ တန်ဟက်ဟာ ယခုရာသီတွင် ၁၅ ပွဲအထိ ရှုံးထားပြီး အိမ်ကွင်း ၈ပွဲရှုံးနိမ့်ထားပါတယ်။ သူ့ရဲ့ပထမဆုံးရာသီတွင် ကြီး ၆ ကြီးအားလုံးကို အနိုင်ရရှိခဲ့ပြီး ၂ ပွဲသာ ရှုံးနိမ့်ထားပါတယ်။
ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ရလဒ်ဆိုးကလည်း တန်ဟက်အတွက် ဆိုးရွားတဲ့ မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပြီး အုပ်စု A ရဲ့ အောက်ဆုံးမှာ နိုင်ပွဲ ၁ ပွဲ သာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ၆နှစ်ကြာ ဆုဖလားခေါင်မှုကို အဆုံးသတ်ခဲ့နိုင်တဲ့ ကာရာဘောင်းဖလား ကာကွယ်မှုကလည်း နယူးကာဆယ်ကို အိမ်ကွင်းတွင် ၃-၀ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွခဲ့ရတာဖြစ်ပါတယ်။
ကစားသမားများနှင့် ဝန်ထမ်းအချို့ကလည်း နည်းပြတန်ဟက်ရဲ့ နည်းဗျူဟာဆိုင်ရာ ချဉ်းကပ်မှုတွေအပါအဝင် သံသယများ ရှိခဲ့ကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ယခုရာသီတွင် နော်တင်ဟမ်ဖောရက်စ်ကို ဒုတိယမြောက် ရှုံးနိမ့်ခဲ့ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်မှ ထွက်ခွာခဲ့ရပါက တန်ဟက်ရဲ့ ကံကြမ္မာက ဆိုးရွားသွားမှာဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဂါးလ်၊ မော်ရင်ဟို နှင့် အိုလီဂန်နာ ဆိုးလ်ရှားတို့ အားလုံးတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တဲ့ ရာသီတွေမှာ ယူနိုက်တက်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။