
အာဆင်နယ်စတားရဲ့ကယ်တင်မှုနဲ့ လာလီဂါကို တန်းတက်လာနိုင်ခဲ့တဲ့ ရီးရဲလ် အိုဗီဒို
၂၄ နှစ်ကြာစောင့်ဆိုင်းခဲ့ရပြီးနောက် ရီးရဲလ်အိုဗီဒိုအသင်းဟာ ကာဇိုလာရဲ့ကယ်တင်မှုနဲ့အတူ လာလီဂါကို တန်းပြန်တက်လာနိုင်ခဲ့ပါတယ်။ မီရန်ဒက်စ်နဲ့ခြေစစ်ပွဲကန်ခဲ့ရာမှာ ရီးရဲလ်အိုဗီဒိုအသင်းက ၂ ကျော့ပေါင်းရလဒ် ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမပြီးခင်မှာ ကာဇိုလာက ပင်နယ်တီကဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ မီရန်ဒက်စ်အသင်းက အနီကတ်ပြသခံခဲ့ရပြီး အချိန်ပိုမှာ အိုဗီဒိုအသင်းက တက်ရောက်နိုင်ခဲ့ပါတယ်။
ကာဇိုလာဟာ ငယ်ဘဝကလပ်ထံ ၂၀၂၃ တုန်းက ငွေအတွက်ပြန်လာခဲ့တာမဟုတ်ပဲ အချစ်တွေကြောင့် ပြန်လာခဲ့တာဖြစ်ပါတယ်။ စပိန်သားဟာ ငယ်ဘဝကလပ်အတွက် အလွတ်ကန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အသက် ၃၉ နှစ်ရှိနေပြီဖြစ်ကာ ခွဲစိတ်မှု ၁၀ ကြိမ်ပြုလုပ်ထားခဲ့ရပါတယ်။ ဒါ့အပြင်အသင်းကိုလည်း ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ် လာလီဂါမြေထံတန်းပြန်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ကာဇိုလာတစ်ယောက် အပြုံးတွေဝေခဲ့သလို ဇနီးသည်နဲ့အတူ အောင်ပွဲခံခဲ့သလို ပရိသတ်တွေနဲ့အောင်ပွဲခံချိန်မှာလည်း မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ ကာဇိုလာအနာဂတ်က မသေချာသေးတာဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာပြဿနာကြောင့် အနားယူနိုင်ချေရှိနေပါတယ်။ အိုဗီဒို နဲ့ အသင်းပရိသတ်တွေကတော့ ကာဇိုလာကို လာလီဂါမြေမှာ ၁ ရာသီလောက်ထပ်မံမြင်တွေ့ချင်နေပါတယ်။