The network connection is lost.

Banner Image

ဘာစီလိုနာလူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ပီဒရီနဲ့ ယာမယ်လ်တို့ကို ဝိုင်းဝန်းကာကွယ်ပေးဖို့ စပိန်ဘောလုံးလောကကို ကာဇိုလာ တိုက်တွန်း

ရီးရဲလ်အိုဗီယေဒိုအသင်းရဲ့ ဝါရင့်ကစားသမား ဆန်တီကာဇိုလာက စပိန်ဘောလုံးလောကအနေနဲ့ သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးလူငယ်ခြေတက်တွေကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကာဇိုလာက သူဟာ ဘာစီလိုနာအတွဲအဖက်ဖြစ်တဲ့ ပီဒရီနဲ့ လာမင်းယာမယ်လ်တို့ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပေမဲ့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် သူတို့ရဲ့ ပွဲကစားချိန်တွေ အလွန်အမင်း များပြားနေမှုအပေါ်မှာတော့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

Mundo Deportivo နဲ့ အင်တာဗျူးမှာ သူက "ပီဒရီနဲ့ လာမင်းယာမယ်လ်တို့ဟာ ကျွန်တော် တကယ်ကို လေးစားအားကျရတဲ့ ထူးချွန်လွန်းတဲ့ ကစားသမားနှစ်ယောက်ပါ။ ပီဒရီကတော့ ကျွန်တော်နဲ့ ကစားတဲ့နေရာ တူတာကြောင့် သူ့ကို နည်းနည်းပိုပြီး ချီးကျူးမိတာမျိုး ရှိနိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် ကာဇိုလာက လူငယ်ကြယ်ပွင့်တွေကို ကာကွယ်ပေးဖို့၊ အထူးသဖြင့် ယာမယ်လ်ကို ကာကွယ်ပေးဖို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ "သူ့ကို သူ့ဘာသာသူ အေးအေးဆေးဆေး ကစားခွင့်ပေးထားရပါမယ်။ သူက အရမ်းငယ်ပါသေးတယ်၊ ဒါပေမဲ့ မက်ဆီတို့လို ထိပ်တန်းအဆင့်ကို ရောက်ရှိသွားခဲ့တဲ့ ကစားသမားကြီးတွေနဲ့ အခုကတည်းက အနှိုင်းခံနေရပါပြီ။ ကျွန်တော့်ရဲ့ အခုလို အသက်အရွယ်မှာတောင် သူတို့လို ကစားသမားတွေကို ရင်ဆိုင်ကစားခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် အမြဲတမ်း အမှတ်တရ ဖြစ်နေမှာပါ" လို့လည်း ၎င်းက ဆိုပါတယ်။