
The network connection is lost.

ယူနိုက်တက်အသင်းနည်းပြ တန်ဟက်နဲ့ အချင်းများခဲ့ပြီးနောက် ဆန်ချိုတစ်ယောက် သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ဖျက်သိမ်းလိုက်ပြီး တွစ်တာအကောင်တော့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။
လေ့ကျင့်ခန်းအစီအစဉ်ကအကြောင်းပြချက်ကြောင့် တန်ဟက်ဟာ ဆန်ချိုကို အာဆင်နယ်အသင်းနဲ့ပွဲလူစာရင်းမှာ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ကိုတောင်းပန်ဖို့ ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ ဆန်ချိုဟာ စီနီယာအသင်းလေ့ကျင့်ခန်းအစီအစဉ်ကနေပါ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၃ နှစ်သားဟာ အင်္ဂါနေ့ညမှာ ကစားမယ့် ပဲလေ့စ်အသင်းနဲ့ ကာရာဘောင်ဖလား ပွဲလူစာရင်းမှာလည်း ပါဝင်လာဖွယ်မရှိတာဖြစ်ပြီး မန်ချက်စတာညနေခင်းသတင်းဌာနကတော့ ဆန်ချိုဟာ အသင်းကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
လူမှုမီဒီယာပေါ်က ကြေညာချက်ကို ဖျက်ခဲ့ပြီးနောက် ဆန်ချိုက သူ့ကိုတန်ဟက်ချန်လှပ်တာနဲ့ ပတ်သက်ပြီး လိမ်ညာနေတာလို့ စွပ်စွဲခဲ့သလို အချိန်အတော်ကြာ အသုံးချခံဖြစ်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ တန်ဟက်ကတော့ ဆန်ချိုတစ်ယောက် အသင်းအတွက် နောက်တစ်ကြိမ် ပြန်ကစားမလားဆိုတာ မသိသေးဘူးလို့ ပြောကြားခဲ့သလို သူ့အခြေအနေက အရေးမကြီးဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆန်ချိုဟာ အက်သလက်တစ်အသင်းနဲ့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲမှာ သူ့ရဲ့တွစ်တာအကောင့်ကို နောက်ဆုံးအသုံးပြုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဆန်ချိုဟာ ဒီရာသီယူနိုက်တက်ရဲ့ပထမဆုံး ၃ ပွဲကို လူစားဝင်ကစားခဲ့ပါတယ်။
တန်ဟက်အနေနဲ့ အန်တိုနီမပါဝင်နိုင်တဲ့ညာခြမ်းအတွက် ပြင်ဆင်နေရပြီး ဘန်လေကိုတော့ ဖာနန်ဒက်စ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။