The network connection is lost.

Banner Image

ကစားသမားသစ် ဒိုဂူကို ညာခြမ်းမှာထားကစားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အာမိုရင် ရှင်းပြ

ယူနိုက်တက်နည်းပြ အာမိုရင်က ကစားသမားသစ် ဒိုဂူကို ညာခြမ်းမှာထားကစားခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒိုဂူကို လက်ချီအသင်းထံကနေ ပေါင် ၂၅ သန်းနဲ့ခေါ်ယူခဲ့ပြီး လက်စတာနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ လုခ်ရှော နဲ့ မာလာစီယာတို့ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရတာကြောင့် အာမိုရင်က ဒိုဂူကို ဘယ်ခြမ်းနေရာအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လက်စတာနဲ့ပွဲမှာ ဘယ်ခြမ်းကို ဒါလော့တ်က တာဝန်ယူခဲ့ပြီး ညာခြမ်းကို ကစားသမားသစ် ဒိုဂူက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒိုဂူရဲ့အခြေအနေနဲ့ပတ်သက်ပြီး အာမိုရင် ညာခြမ်းမှာအသုံးပြုခဲ့တာဟာ စွယ်စုံရတာကြောင့်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ “လက်ချီမှာ သူဘယ်ခြမ်းကော ညာခြမ်းမှာပါ ကစားခဲ့ပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ သူ့ကိုခေါ်ယူခဲ့တာပါ။ အဲ့လိုကစားနိုင်တာကလည်း သူ့ရဲ့စရိုက်လက္ခဏာတွေထဲကတစ်ခုပါ။

သူ့အတွက် ဒီလိဂ်က မတူညီတဲ့လိဂ်ပါ။ မတူညီတဲ့ပွဲဖြစ်ခဲ့ပေမယ့် သူအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ သူ့မှာ ပြေးအားရှိသလို သန်မာမှုလည်း ရှိပါတယ်။ သူအများကြီးတိုးတက်လာနိုင်ပါသေးတယ်။ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ ကစားချိန်မှာ သူ့လိုကစားသမားသစ်တွေရဲ့စွမ်းဆောင်ရည်က အများကြီးအကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့် သူဒီနေ့ပွဲမှာ တောင်ပံ ၂ ဖက်စလုံးမှာ ကစားခဲ့တာကို ခင်ဗျားမြင်နိုင်ပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။လက်စတာနဲ့ပွဲအပြီးမှာ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဒိုဂူတစ်ယောက် ညာခြမ်း ဒါမှမဟုတ် ဘယ်ခြမ်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။