
ကာရာဘောင်ကနေ ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက်စတားဘက်ကနေ ကာကွယ်ပြောကြားလိုက်တဲ့ အာမိုရင်
ပြီးခဲ့တဲ့ညက ဂရင်းစ်ဘီအသင်းကို အရေးနိမ့်ပြီးကာရာဘောင်ကနေထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက်နည်းပြ အာမိုရင်က အိုနာနာဘက်ကနေ ကာကွယ်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လိဂ် ၂ အသင်းကို ပထမပိုင်းမှာ အိုနာနာရဲ့အမှားကနေ ၂ ဂိုးပြတ်အရေးနိမ့်နေခဲ့တာဖြစ်ပါတယ်။
ကင်မရွန်းသားဟာ ဗာနန်းရဲ့အဖွင့်ဂိုးအပြင် ဒုတိယ ဝါရန်ရဲ့ဂိုးတွေမှာ အမှားတွေလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ အမ်ဘွီမို နဲ့ မက်ဂွါရီတို့က ချေပဂိုးတွေပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၂ သင်းကြား သရေကျနေခဲ့တာကြောင့် ပင်နယ်တီအထိ သွားခဲ့ရပြီး အမ်ဘွီမိုက လွဲချော်ခဲ့တာကြောင့် ၁၂ - ၁၁ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
နောက်ထပ်ဆိုးဝါးတဲ့စွမ်းဆောင်ရည်တွေကြောင့် အိုနာနာကို လာမယ့်ပွဲတွေမှာ အနားပေးဖို့ တောင်းဆိုခံနေရပေမယ့် အာမိုရင်ကတော့ ကစားသမားကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ “လေးစားမှုအရ စတုတ္ထတန်းအသင်းတစ်သင်းနဲ့ ကစားရချိန်မှာ ဂိုးသမားတစ်ဦးတည်းအပြစ်တင်လို့ မရပါဘူး။ အဲ့တာက အရာအားလုံးပါ။ အဲ့တာက ပတ်ဝန်းကျင်နဲ့လည်းဆိုင်သလို ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ပြိုင်ပွဲနဲ့လည်း ဆိုင်ပါတယ်။
ကျွန်တော်တို့ အရာအားလုံးကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ အသေးစိတ်တိုင်းက ကြီးမားပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ပြသခဲ့တဲ့စွမ်းဆောင်ရည်အပြင် ကစားသမားတွေကိုပြောကြားခဲ့တာက ကျွန်တော့်အတွက် တကယ်ကျယ်လောင်ပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ပြန်မလာနိုင်ခဲ့ရင်တောင် ပြဿနာမရှိပါဘူး။ အဲ့တာက အသင်းတစ်သင်းက ပွဲအတွင်းပေးဆပ်ခဲ့တဲ့လက္ခဏာတွေပါ။ ကစားပွဲတွေရဲ့အစပါ။
ဒီနေ့ညမှာ အကောင်းဆုံးအသင်းက အနိုင်ရခဲ့သလို အဲ့လိုအသင်းပဲ ကွင်းထဲမှာရှိသင့်တာပါ။ အကောင်းဆုံးကစားသမားတွေအရေးနိမ့်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်လိုအသင်းမျိုးနဲ့မဆို အသင်းတစ်သင်းပဲ အနိုင်ရနိုင်ပါတယ်။အကောင်းဆုံးအသင်းက အနိုင်ရပြီး ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်။ သူတို့ဘာပြောခဲ့လဲဆိုတာ ရှင်းလင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ကို မေ့ပစ်ပြီး ဆက်သွားရပါမယ်။
ကျွန်တော်တို့ စုစည်းမှုမရှိပဲပွဲကိုစတင်ခဲ့တာအပြင် ဖိအားတွေက ဒီနေ့အရေးနိမ့်တာကို လုံးဝဖြစ်သင့်ပါတယ်။ ဒီနေ့ပြဿနာက အသစ်တစ်ခုလို့ ထင်ရပါတယ်။အဲ့တာက ခြားနားပါတယ်။ ဒီနေ့တစ်စုံတစ်ခုကို မြင်လိုက်ရချိန်မှာ အဲ့အကြောင်းပြောဖို့ဆိုတာက ခက်ခဲပါတယ်။ ကျွန်တော်ပရိသတ်တွေကိုပြောချင်တာကတော့ ဒီနေ့ပွဲအတွက် တကယ်တောင်းပန်ပါတယ်။ သူတို့အားပေးခဲ့တာက အသင်းအတွက်အများကြီးအကျိုးဖြစ်စေပါတယ်။ ကျွန်တော် ဘာမှပြောစရာမရှိတော့ပဲ တကယ်တောင်းပန်ပါတယ်”လို့ အာမိုရင်က ပြောကြားလိုက်ပါတယ်။