
တီဗက်ဇ်ရဲ့ အပြောင်းအရွှေ့ကြောင့် ဝမ်းနည်းခဲ့ရဖူးတဲ့ ဝိန်း ရွန်နီ
အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်ဟာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ တီဗက်ဇ်ဟာ ၂၀၀၈ ချန်ပီယံလိဂ် ဖိုင်နယ်သို့ရောက်ရှိခဲ့တဲ့ ယူနိုက်တက် ခရီးစဉ်တစ်လျှောက် ၅ ဂိုးသွင်းယူခဲ့ပြီး ချဲလ်ဆီးနှင့် ပင်နယ်တီ အဆုံးအဖြတ်ပွဲတွင်လည်း ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူခဲ့ပါတယ်။
ဘိုကာ ဂျူနီယာစ်နှင့် ကော်ရင်သီယန်စ် ကြယ်ပွင့်ဟောင်းဟာ ၂၀၀၈-၀၉ ရာသီ နှောင်းပိုင်းတွင် ယူနိုက်တက်အသင်းမှ ထွက်ခွာခဲ့ပြီး ဖာဂီနှင့် ဆက်ဆံရေး တင်းမာခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ယူနိုက်တက်က ထိုနွေရာသီတွင် တီဗက်ဇ်ကို ငါးနှစ်စာချုပ် ကမ်းလှမ်းရန်နှင့် ကလပ်ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်စေရန် ပြင်ဆင်ခဲ့သော်လည်း သူက ထွက်ခွာလိုကြောင်းသာ ပြောကြားခဲ့ပါတယ်။
တီဗက်ဇ်က ၂၀၀၉-၁၀ ရာသီမတိုင်မီ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးသို့ ပြောင်းခဲ့ပြီး အီတီဟတ်ဒ် အားကစားကွင်းတွင် လေးနှစ်ကြာ ကောင်းမွန်စွာ ကစားခဲ့ကာ ၁၄၈ ပွဲတွင် ၇၃ ဂိုး သွင်းယူခဲ့ပါတယ်။ သူက ၂၀၁၂ ခုနှစ်တွင် မန်စီးတီးရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့တဲ့ အသင်းရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အင်္ဂလန်တွင် ယူနိုက်တက်မဟုတ်ဘဲ မန်စီးတီးကို လွှမ်းမိုးသော အင်အားဖြစ်လာစေရန် စတင်ခဲ့ပါတယ်။
၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ဖလားကို ရရှိခဲ့ပြီးနောက် မန်စီးတီးဟာ နောက်ထပ် ပရီးမီးယားလိဂ်ဖလား ခုနစ်ကြိမ်နှင့် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ဂန္တဝင် ရွန်နီက တီဗက်ဇ် အိုးထရက်ဖို့ဒ်မှ ထွက်ခွာသွားသောအခါ စိတ်ထိခိုက် ခဲ့ပြီး ကလပ်ရဲ့ မြို့ခံပြိုင်ဘက်များနှင့် သဘောတူညီမှုမရမီကပင် သူက ဆက်နေလိုခဲ့တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။
"ရိုးရိုးသားသားပြောရရင် ကျွန်တော် စိတ်ပျက်ခဲ့ပါတယ်" လို့ ရွန်နီက BBC Sport သို့ ပြောကြားခဲ့ပါတယ်။ "ကာလို့စ်က ယူနိုက်တက်မှာ ဆက်နေချင်ခဲ့တယ်လို့ ကျွန်တော် အတော်လေး ယုံကြည်ပါတယ်" "အဲဒီအချိန်တုန်းက မန်စီးတီးက အသင်းတည်ဆောက်ပြီး ယှဉ်ပြိုင်နိုင်တဲ့ အသင်းဖြစ်လာဖို့ ကြိုးစားနေတာကို ကျွန်တော် သိပါတယ်။ သူ့မှာရှိတဲ့ အရည်အချင်းတွေကြောင့် သူက အဲ့ဒီအထဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာလည်း ကျွန်တော် သိပါတယ်"
"သူ အဲဒီကို ရောက်သွားတဲ့အခါ ကောင်းမွန်တဲ့အချိန်တွေ အများကြီး ရှိခဲ့တာကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရတယ်လို့ ထင်ပါတယ်။ ကျွန်တော် စိတ်ထိခိုက်ခဲ့ရတယ် သူ ဒီမှာ ပိုကြာကြာနေပြီး ကျွန်တော်နဲ့ ဆက်ကစားစေချင်ခဲ့တာပါ" လို့ ရွန်းနီက ပြောပါတယ်။ တီဗက်ဇ်ကို ခေါ်ယူပြီးနောက် မန်စီးတီးဟာ မြို့ထဲတွင် "မန်ချက်စတာကနေကြိုဆိုပါတယ်" ဟူသော စာတမ်းနှင့်အတူ ဂိုးသွင်းပြီး ပျော်ရွှင်နေတဲ့ တီဗက်ဇ်ရဲ့ ပိုစတာတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဤလုပ်ရပ်ကြောင့် ဆာ အဲလက်စ် ဖာဂူဆန် စိတ်ဆိုးခဲ့ပြီး "ဒါက စီးတီးပဲလေ၊ ဟုတ်တယ်မလား။ သူတို့က စိတ်ဓာတ်သေးတဲ့ ကလပ်ငယ်လေးတွေပါ" "သူတို့ ပြောဆိုနိုင်တာက ယူနိုက်တက်အကြောင်းပဲ၊ သူတို့ ဒါကို ရှောင်လွှဲလို့မရဘူး။ ဒီလို မာနကြီးမှုက ဆုချခံရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ကို ပစ်မှတ်ထားတာပဲ၊ ဒါပဲရှိတယ်"
"သူတို့က ကာလို့စ် တီဗက်ဇ်ကို ယူနိုက်တက်ကနေ ခေါ်သွားတာ အောင်မြင်မှုလို့ ထင်နေတယ်။ ဒါက အရမ်းညံ့ဖျင်းတဲ့ ကိစ္စပါ" လို့ ပြောကြားခဲ့ပါတယ်။ ဖာဂီရဲ့ မှတ်ချက်များကို တုံ့ပြန်ရာတွင် မန်စီးတီးနည်းပြ မာ့ခ် ဟုချ်က "မန်ချက်စတာမှာ ပိုစတာလှုပ်ရှားမှုက ပရိသတ်တွေကြားမှာ ပျော်စရာလေးပါပဲ"
"ဒါက အိုးထရက်ဖို့ဒ်မှာရှိတဲ့ မန်စီးတီးရဲ့ နောက်ဆုံးဆုဖလားရရှိခဲ့တဲ့ အချိန်ကာလကို ရေတွက်ထားတဲ့ ဗီနိုင်းလိုမျိုးပါပဲ။ လူအများကြီး ပြောဆိုဆွေးနွေးနေတာကို ကျွန်တော်တို့ ဝမ်းသာပါတယ်" "ဆာ အဲလက်စ် ဖာဂူဆန်ကို ကျွန်တော် လေးစားမှု အပြည့်အဝရှိပါတယ်။ သူ သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုပိုင်ခွင့် အပြည့်အဝရှိပါတယ်"
"ဒီနွေရာသီမှာ မန်စီးတီး လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့လုပ်ငန်းတွေအတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်၊ ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကလည်း လာမယ့်ရာသီအတွက် ကျွန်တော်လိုပဲ စိတ်လှုပ်ရှားနေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။