The network connection is lost.

Banner Image

ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အခြေအနေတွေကို ထုတ်ဖော်ပြောကြားလာတဲ့ ရော်နယ်ဒို

ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရော်နယ်ဒိုက အခြေအနေတွေကို ထုတ်ဖော်ပြောကြားလာပါတယ်။

ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ပင်နယ်တီနဲ့အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

မိနစ် ၁၂၀ ကျော်ကြာသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပြင်သစ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဆလိုဗေးနီးယားကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၉ နှစ်သားဟာ လက်ရှိဆော်ဒီမြေမှာကစားနေပြီး ပေါ်တူဂီက အခုထက်ပိုပြီး ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ ပိုလိုချင်ခဲ့တာပါ။ ကျွန်တော်တို့ အခုထက်ပိုထိုက်တန်ပါတယ်။ ကျွန်တော်တို့အတွက် တစ်ဦးချင်းစီအတွက် ပေါ်တူဂီအတွက်ပေါ့။ ကျွန်တော်တို့ အားလုံးပေးဆပ်ကစားခဲ့ပါတယ်။

ကွင်းတွင်းကော ကွင်းပြင်ပမှာပါ အာရုံစိုက်ခဲ့သလို ဒီလိုအပြုအမူက အတူတူဆက်ပြီးသယ်ဆောင်ရမယ့်အရာဆိုတာ ကျွန်တော် သေချာပြောချင်ပါတယ်”လို့ ရော်နယ်ဒိုက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ အပြီးမှာ နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားပေမယ့် မာတီနက်ဇ်ကတော့ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့ဆိုတာ စောလွန်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အခုမှပွဲပြီးတာပါ။ အရာအားလုံးက ပကတိအတိုင်းရှိနေဆဲပါ။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ရှုံးပွဲခံစားခဲ့ရတာပါ။ တစ်ဦးချင်းအမှားမရှိပါဘူး။

ကျွန်တော်တို့ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့အသင်းဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် နိုင်ပွဲလိုချင်ပါတယ်။ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပေမယ့် ဂုဏ်သိက္ခာတော့ရှိခဲ့ပါတယ်။ ပေါ်တူဂီကစားဟန်အတိုင်း အရာအားလုံးပေးဆပ်ခဲ့ပါတယ်။

ဒီအတွေ့အကြုံကနေ ကျွန်တော်တို့ကစားသမားတွေ အများကြီးတိုးတက်လာနိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး ၊ အခွင့်အရေးတွေ ကျွန်တော်တို့ ပြိုင်ဘက်ဧရိယာထဲမှာ အန္တရာယ်ပေးနိုင်ခဲ့ပါတယ်။

အနာဂတ်မှာလည်း အခုလိုမျိုး စွမ်းဆောင်ရည်နဲ့ ဆက်လက်ကစားနိုင်ဖို့ လိုပါတယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။