
The network connection is lost.

ဆော်ဒီဟော်တယ်ကနေ ထွက်ခွာပြီးနောက် ရော်နယ်ဒိုတစ်ယောက် မြင့်မားတဲ့ ဟော်တယ်ဘေလ်ကျန်ခဲ့တယ်လို့ သိရပါတယ်။ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ Riyadh မှာရှိတဲ့ ၄ ရာသီဟော်တယ်ကို ငှားရမ်းခဲ့ပါတယ်။
သတင်းတွေအရ ရော်နယ်ဒိုဟာ အဆိုပါဇိမ်ခံဟော်တယ်တစ်ခုလုံးကို မိသားစု ၊ သူငယ်ချင်း ၊ လုံခြုံရေးတွေအတွက် ငှားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဟော်တယ်မှာ စုစုပေါင်းအခန်း ၁၇ ခန်းရှိနေပြီး ရော်နယ်ဒိုက ၂ လွှာမှာရှိတဲ့ Kingdom Suite မှာနေထိုင်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုနေတဲ့ နေရာဟာ မြင်ကွင်းကောင်းမွန်သလို ဈေးကလည်း တစ်လကို ပေါင် ၂ သိန်းခွဲလောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေအရ ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ တစ်နှစ်ကို ပေါင် ၁၇၃ သန်းလောက်ရရှိနေတာကြောင့် အဆိုပါအခြေအနေဟာ သူ့ဝင်ငွေကို မထိခိုက်နိုင်ဘူးလို့ သိရပါတယ်။
အသက် ၃၈ နှစ်သား နဲ့ သူ့ရဲ့လေယာဉ်မှူးတို့နေထိုင်တဲ့ အိမ်ကလည်း သက်သက်တည်ရှိနေတယ်လို့ ယူဆရပြီး အဆိုပါအိမ်ဝန်းထဲမှာ လုံခြုံရေးအပြင် ၊ စားသောက်ဆိုင် ၊ ဈေးဆိုင်တွေ ၊ အားကစားခန်းမတွေနဲ့ အခြားအရာတွေပါဝင်နေတာဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ အိမ်တွေကို ဝယ်ယူထားတာဖြစ်ပြီး မိခင်မြေ မာဒရီယာမှာ ၂ အိမ်ရှိနေကာ ၁ အိမ်က တူရင်မှာတည်ရှိတာ ဖြစ်ပါတယ်။
၂၀၁၀ တုန်းကလည်း ရော်နယ်ဒိုဟာ မက်ဒရစ်မြေမှာ အိမ်တစ်လုံးကို ပေါင် ၅ သန်းနဲ့ ဝယ်ယူခဲ့ပြီး အဆိုပါအိမ်ဟာ သူတို့ဇနီးမောင်နှံအတွက် ကြီးမားလွန်းနေတာဖြစ်ပါတယ်။ စပိန်သတင်းဌာနတစ်ခုကတော့ လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ အဆိုပါအိမ်ကို တလပေါင် ၈၈၀၀ နဲ့ ငှားရမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။