
အခုချိန်ထိ အဆင်ပြေနေတုန်းပါပဲလို့ ပြောကြားလိုက်တဲ့ ရော်နယ်ဒို
ရော်နယ်ဒို က သူဟာ "အရမ်းအဆင်ပြေနေပါသေးတယ်" လို့ ယုံကြည်ပြီး ပေါ်တူဂီစူပါစတားဟာ နောက်ထပ် "တစ်နှစ် သို့မဟုတ် နှစ်နှစ်" ကစားရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရရှိထားတဲ့သူဟာ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အသက် ၄၀ ပြည့်မှာဖြစ်ပါတယ်။ အများစုသော ကစားသမားတွေဟာ ထိုအသက်အရွယ်မရောက်မီကတည်းက ကစားသမားဘဝကနေ နားခဲ့ကြသော်လည်း CR7 ကတော့ သာမန်ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ သူဟာ သူရွေးချယ်ထားတဲ့ ပညာရပ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၂၀ နီးပါးကြာ ထိုနေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။
အနားယူခြင်းက ယခင်ကထက် ပိုမိုနီးကပ်လာပြီဖြစ်သော်လည်း ရော်နယ်ဒိုက သူဟာ "ရေရှည်" အစီအစဉ်များ မဆွဲနိုင်တော့ကြောင်း ဝန်ခံထားပေမယ့် တိုက်စစ်မှူးဟာ မည်သည့်အချိန်တွင်မဆို နားရန် ရည်ရွယ်ချက် မရှိနေတာဖြစ်ပါတယ်။ သူသည် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာ တွင် အံ့သြဖွယ်စံနှုန်းများကို ဆက်လက်ထိန်းထားပြီး ဂိုး ၁၀၀၀ ရောက်ရန် ကြိုးစားနေဆဲဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ သူရဲ့ လက်ရှိနှင့် အနာဂတ်နှင့်ပတ်သက်ပြီး La Sexta သို့ "ကျွန်တော်က ဒီနေ့မှာ ဘောလုံးလောကကနေ နားလိုက်ရင် ဘာမှ နောင်တမရပါဘူး။ ဒါပေမယ့် စိတ်မကောင်းစရာကောင်းတာက ကျွန်တော်က အရမ်းကောင်းနေသေးတာပါ ကျွန်တော်က ခြားနားမှုတွေ ဖန်တီးနိုင်နေသေးတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် ခြားနားမှုတွေ ဖန်တီးနိုင်သေးတယ်လို့ ယုံကြည်တာကြောင့် ကျွန်တော်က လက်ရှိအတွက်ပဲ စဉ်စားထားပြီး ရေရှည်ကို မတွေးနိုင်သေးပါဘူး" လို့ ပြောပါတယ်။
မပြတ်တမ်း ကြိုးစားအားထုတ်မှုများကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အထွတ်အထိပ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် နှင့် ဂျူဗင်တပ်စ်တို့ရဲ့ စူပါစတားဟောင်းဟာ အခြားသူများထက် ပိုမိုကြိုးစားခဲ့ပါတယ်။ သူဟာ မိသားစုတာဝန်များကြောင့် အချိန်ပိုယူရတာကြောင့် အနည်းငယ်လျှော့ချခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ပြိုင်ဆိုင်မှုစိတ်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
ရော်နယ်ဒိုက သူ့ကို လေ့ကျင့်ခန်းကွင်းသို့ ဆက်လက်ခေါ်ဆောင်သွားတဲ့ စိတ်အားထက်သန်မှုနှင့်ပတ်သက်ပြီး "ကျွန်တော်က လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ပွဲတွေ ကစားဖို့ ဆက်လက်လိုလားနေတုန်းပါ။ ယခင်ကထက် နည်းနည်းလျော့နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုပါ။ကျွန်တော်လုပ်နေတာကို ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော့်အတွက် ခက်ခဲတယ် ဒါပေမယ့် ကျွန်တော် ဆက်သွားပါတယ်။ ကျွန်တော် နေ့တိုင်း အားကစားခန်းမကို စိတ်ပါလက်ပါ သွားတယ်လို့ ထင်လား။ မဟုတ်ပါဘူး၊ ဒါပေမယ့် တာဝန်တစ်ခုရှိတယ် အဲ့ဒါမို့ ကျွန်တော် သွားပါတယ်" လို့ ပြောပါတယ်။
CR7 သည် ဆက်လက်ကစားရန် ရည်ရွယ်ထားတာကြောင့် ဆော်ဒီပရိုလိဂ်တွင် စာချုပ်သစ်တစ်ခု လက်မှတ်ရေးထိုးရန် မျှော်လင့်ထားပါတယ်။ သူဟာ ၂၀၂၆ ခုနှစ်တွင်ကျင်းပမယ့် နောက်ထပ် ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ရန် ရည်ရွယ်ထားပြီး သမိုင်းတွင် စံချိန်များနှင့် မှတ်တမ်းများတင်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။