The network connection is lost.

Banner Image

စီးရီးအေမြေကိုပြောင်းရွှေ့တော့မယ့် လက်စတာစတား

ဗန်ပါစီရဲ့ဖီယင်နုအသင်းက လက်စတာတိုက်စစ်မှူး ဗာဒီကိုခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုစီးရီးအေကလပ် ခရီမွန်နိစ်အသင်းထံပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ လက်စတာအသင်းရဲ့သက်တော်ရှည်ကစားသမားဖြစ်တဲ့ ဗာဒီဟာ အခုနွေရာသီမှာ အသင်းကနေထွက်ခွာခဲ့တာဖြစ်ပြီး စီးရီးအေမြေကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဗာဒီဟာ ခရီမွန်နိစ်အသင်းနဲ့ ၁ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၂ လထပ်မံသက်တမ်းတိုးခွင့်လည်းပါရှိတယ်လို့ သိရပါတယ်။ သတင်းထောက် ရိုမာနိုရဲ့အဆိုအရ ဗာဒီဟာ ခရီမွန်နိစ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ မကြာခင်မှာဆေးစစ်မှုခံယူမယ်လို့ ဆိုပါတယ်။ စာချုပ်ထဲမှာ တကယ်လို့စီးရီးအေကလပ်အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့မယ်ဆိုရင် နောက်တစ်ရာသီထပ်မံသက်တမ်းတိုးခွင့်လည်းပါရှိတာဖြစ်ပါတယ်။

တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ ဗာဒီတစ်ယောက် စီးရီးအေမြေကိုမရောက်ခင် ဗန်ပါစီရဲ့ဖီယင်နုအသင်းက ချိတ်ဆက်ခဲ့သေးတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဗာဒီဟာ လက်စတာမှာသက်တော်ရှည်ကစားခဲ့တဲ့ကစားသမားဖြစ်ပြီး အခု ခရီမွန်နိစ်အသင်းနဲ့အတူ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

လက်တစာအတွက် ဗာဒီတစ်ယောက် ဂိုးပေါင်း ၂၀၀ ကျော်သွင်းယူနိုင်ခဲ့ပြီး ၂၀၁၆ မှာ အသင်းနဲ့ပရီးမီးယားလိဂ်ဆုဖလားရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟောင်းကို ပဲလေ့စ် ၊ Wrexham ၊ ရိန်းဂျားစ် နဲ့ စပိန်မြေကအသင်းတွေက စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ ဗန်ပါစီက ဗာဒီကိုသီးသန့်ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက နယ်သာလန်ကလပ်ကိုစိတ်မဝင်စားပဲ စီးရီးအေကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းအတွက် ဗာဒီအနေနဲ့ ခရီမွန်နိစ်နဲ့ဆေးစစ်မှုခံယူမှာဖြစ်ပြီး စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ခရီမွန်နိစ်ကတော့ ဗာဒီကိုအပြောင်းအရွှေ့မပိတ်ခင် ကြေညာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။