The network connection is lost.

Banner Image

ချီယေဆာရဲ့စွမ်းဆောင်ရည်ပိုင်းကို သဘောမကျဖြစ်နေတဲ့ စလော့

လီဗာပူးအသင်းနည်းပြ စလော့က ချီယေဆာရဲ့စွမ်းဆောင်ရည်ပိုင်းကို သဘောမကျဖြစ်နေတယ်လို့ သိရပါတယ်။ ချီယေဆာဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ဂျူဗင်တပ်စ်အသင်းထံကနေ ပေါင် ၁၁ သန်းနဲ့ လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အီတလီသားကို ဆာလက်နေရာအတွက် ရည်ရွယ်ခေါ်ယူခဲ့ပေမယ့် အင်္ဂလန်မြေမှာ အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ချီယေဆာတစ်ယောက် ပြိုင်ပွဲစုံ ၄ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားသလို ပရီးမီးယားလိဂ်မှာလည်း ၁၈ မိနစ်သာ ပါဝင်ခွင့်ရရှိထားပါတယ်။ အသက် ၂၇ နှစ်သားဟာ ပြီးခဲ့တဲ့ဝက်စ်ဟမ်းနဲ့ပွဲကိုလည်း လွဲချော်ခဲ့တာဖြစ်ပြီး လီဗာပူးသတင်းထောက် ပီတာကတော့ စလော့ဟာ ချီယေဆာရဲ့အခြေအနေကို သဘောမကျဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကစားသမားကိုယ်တိုင်က အိမ်လွမ်းတဲ့ပြဿနာရှိနေပြီး အင်္ဂလန်ရဲ့ရာသီဥတုနဲ့လည်း အသားမကျသေးတာကြောင့် ရုန်းကန်နေရပါတယ်။ ချီယေဆာ နဲ့ လီဗာပူးအသင်းတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပေမယ့် ကစားသမားက လာမယ့်ဆောင်းဈေးကွက်မှာ ထွက်ခွာနိုင်ချေများနေပါတယ်။

အီတလီသားကို  နာပိုလီ ၊ အင်တာ နဲ့ ဖီအိုရင်တီးနားအသင်းတွေက ချိတ်ဆက်နေပါတယ်။ လီဗာပူးအသင်းဟာ လာမယ့် ၂၀၂၅ ရဲ့ပထမဆုံးပွဲအဖြစ် အန်ဖီးလ်မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ချီယေဆာပါဝင်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။