The network connection is lost.

Banner Image

ဘိုင်ယန်စတားကို ခေါ်ယူနိုင်ဖို့ အကြိုသဘောတူညီမှု ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့မတိုင်ခင်မှာ အလုပ်များနေပြီး ဘိုင်ယန်မြူးနစ်စတား အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူနိုင်ဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း ရီးရဲလ်အသင်းဟာ ဘာပေကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုတင်သဘောတူညီမှုရ ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနကတော့ မက်ဒရစ်ဟာ အယ်ဖွန်ဆိုကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကနေဒါသားကိုယ်တိုင်ကလည်း ဘိုင်ယန်ကနေ ထွက်ခွာပြီးရင် ရီးရဲလ်အသင်းကိုသာ ပြောင်းဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဒေးဗီးစ်ကတော့ ဘိုင်ယန်အသင်းနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖွယ်မရှိတာကြောင့် ဘိုင်ယန်အနေနဲ့ ရောင်းထုတ်ဖို့ စဉ်းစားရဖွယ်ရှိနေပါတယ်။ ရီးရဲလ်အသင်းကလည်း ၁၂ လလောက်ကို စောင့်ဆိုင်းဖွယ်ရှိနေပြီး ဘိုင်ယန်အနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ နည်းပါးတဲ့ တန်ကြေးနဲ့ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ရီးရဲလ်ဘက်က အလွတ်နဲ့ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအပါအဝင် အင်္ဂလန်အသင်းတွေကလည်း ကနေဒါသားအခြေအနေကို စောင့်ကြည့်နေပေမယ့် ရီးရဲလ်အသင်းက လက်ဦးမှုရယူထားတယ်လို့ သိရပါတယ်။ ဒေးဗီးစ်ဟာ ဘိုင်ယန်အတွက် ပွဲပေါင်း ၁၈၀ ကျော်အထိ ပါဝင်ကစားပေးထားပြီး လာမယ့်နွေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။