The network connection is lost.

Banner Image

ဆောက်ဂိတ်ရဲ့နည်းစနစ်တွေအပေါ် ဘဝင်မကျဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြတန်ဟက်က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်းတွေကို အထင်ကြီးလောက်စရာမရှိဘူးလို့ ယူဆနေပါတယ်။

ဆားဘီးယား အသင်းနဲ့ ရင်ဆိုင်ရတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်  ပွဲစဉ်အတွက် ဒတ်ချ်လူမျိုးနည်းပြက နယ်သာလန်နိုင်ငံမှာ ဝေဖန်သုံးသပ်သူတာဝန်ကို ရယူခဲ့ပါတယ်။ ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေမယ်လို့ အခုရက်ပိုင်းအတွင်းမှာပဲ အတည်ပြုပေးထားတဲ့ တန်ဟက်က ဆားဘီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ပတ်သက်လို့ ပြတ်သားတဲ့သုံးသပ်ချက်တစ်ခု ထုတ်ပေးလိုက်ပါတယ်။

ဒတ်ချ်ရုပ်သံသတင်းဌာန NOS နဲ့ တွေ့ဆုံချိန် တန်ဟက်က “ပထမပိုင်း ပွဲချိန်အတွင်းမှာ ကျွန်တော်ကတော့ ဘယ်လင်ဟမ်ရဲ့ခြေစွမ်းကို တကယ်အကြိုက်တွေ့မိပါတယ်။ သူက အင်္ဂလန်အသင်းကို နောက်တစ်ဆင့်ဆီ ရောက်ရှိနေအောင် ထမ်းတင်ပေးထားခဲ့ပါတယ်။  အင်္ဂလန်အသင်းရဲ့ကစားဟန်ကတော့ လုံးဝပျော့လွန်းပါတယ်။ သူတို့အားလုံး ခံစစ်ဆီပဲ ပြေးလွှားနေတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဆားဘီးယားတိုက်စစ်ဆင်လာမယ့်အချိန်ကိုပဲ သူတို့တွေ စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါက နည်းပြဆောက်ဂိတ်ရဲ့ရှုမြင်ချက်လည်း ဖြစ်ပါတယ်။ အင်္ဂလန်က ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ဆောက်ဂိတ်က သူ့အသင်းကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင်တည်ဆောက်ပြီး လက်ကျန်မိနစ်တွေကို ဖြတ်သန်းသွားဖို့အတွက် အလောင်းအစားဆန်ဆန် ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။