The network connection is lost.
ချဲလ်ဆီးအသင်းဟာ ဘဏ္ဍာရေးစည်းမျည်းကို ရှောင်ရှားနိုင်ဖို့ နွေရာသီမှာ ကစားသမား ၄ ဦးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဘိုဟီလေ ဝယ်ယူပြီးကတည်းက ချဲလ်ဆီးအသင်းဟာ ပေါင် ၁ ဘီလီယံလောက်အထိ အပြောင်းအရွှေ့အတွက် အသုံးပြုထားပေမယ့် ကွင်းတွင်းအောင်မြင်မှု မရသေးတာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ပိုချက်တီနိုရဲ့အသင်းဟာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ၂ ရာသီဆက်ဥရောပဝင်ခွင့်နဲ့ လွဲချော်ဖို့ များနေပါတယ်။
ကွင်းပြင်ပမှာလည်း အခြေအနေတွေက အဆင်ပြေချောမွေ့နေတာမျိုး မဟုတ်တာဖြစ်ပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအနေနဲ့ ဘဏ္ဍာရေးစည်းမျည်းကိုရှောင်ရှားနိုင်ဖို့ ပေါင်သန်း ၁၀၀ လောက်လိုအပ်နေတယ်လို့ သိရပါတယ်။
ဘဏ္ဍာရေးစည်းမျည်းထဲမှာ အသင်းတစ်သင်း အနေနဲ့ ၃ နှစ်အတွင်း ဇွန်လ ၃၀ မတိုင်ခင် ဘဏ္ဍာရေးဆိုင်ရာနှစ်တစ်နှစ်မှာ ပေါင် ၁၀၅ သန်းကျော် အထိ အရှုံးပြခွင့်ပေးထားပါတယ်။ နောက်ဆုံးဘဏ္ဍာရေးနှစ်မှာ ချဲလ်ဆီးအသင်းဟာ မေဆင်မောင့်၊ ပူလီဆစ်နဲ့ အမ်ပါဒူတို့ကိုရောင်းထုတ်ပြီး ပေါင်သန်း ၁၀၀ ကျော် ရှာဖွေထားပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအနေနဲ့ ကစားသမားတွေ အတွက် ပေါင် ၄၄၈.၅ သန်းအထိ အသုံးပြုထားပြီး အဲ့ထဲမှာ ကိုင်စီဒိုကို ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ချာလိုဘတ်၊ ဘရိုဂျာ ၊ ဂယ်လာဟာနဲ့ ကူကူရယ်လာတို့ ပါဝင်နေတယ်လို့ သိရပါတယ်။
ကူကူရယ်လာကတော့ ဘိုဟီလေတို့ ပေါင် ၅၆ သန်းနဲ့ ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ဟောကို ပေါင် ၂၈ သန်းနဲ့ အပြီးသတ်ခေါ်ယူဖွယ်ရှိနေသလို လူကာကူကလည်း စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၇ သန်းနဲ့ ထွက်ခွာနိုင်တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ကူလီဘာလေ၊ မန်ဒီ၊ ကိုဗာဆစ်၊ ကိုင်ဟားဗက်ဇ်နဲ့ လိုတပ်ဖ်ချိတို့ကို ရောင်းထုတ်မှုကနေလည်း ပေါင်သန်း ၁၃၀ ကျော် ရှာဖွေထားနိုင်ခဲ့ပါတယ်။