
ရီးရဲလ်ကို ငိုတတ်တဲ့အသင်းလို့ သရော်လိုက်တဲ့ လာလီဂါဥက္ကဌ တီဘက်စ်
လာလီဂါဥက္ကဌ တီဘက်စ်က အိုဆာဆူနာနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို စောဒဂတက်ခဲ့တဲ့ ရီးရဲလ်အသင်းကို ငိုတတ်တဲ့အသင်းလို့ သရော်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်အသင်းဟာ မက်ဒရစ်တီဗွီမှာ ဒိုင်တွေဟာ ပွဲတွေမတိုင်ခင် ဖိအားပေးလေ့ရှိတယ်ဆိုတာကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါရုပ်သံမှာ မိမိတို့အသင်းဟာ ဒိုင်တွေရဲ့ဦးစားပေးခြင်းမခံရဘူးဆိုတာကို ဦးစားပေးဖော်ပြခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ ဖေဖော်ဝါရီတုန်းက အိုဆာဆူနာကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင် မွန်တဲရိုးနဲ့ ပြဿနာတက်ခဲ့ပြီး ဘယ်လင်ဟမ်တစ်ယောက် ဒိုင်ကို ဆဲခဲ့တာကြောင့် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ လာလီဂါရဲ့ဒိုင်တွေနဲ့ပတ်သက်ပြီး ရီးရဲလ်အသင်းဘက်က ဝေဖန်လေ့ရှိတာဖြစ်ပြီး အခုချိန်မှာ တီဘက်က ရီးရဲလ်အသင်းကို ငိုတတ်တဲ့အသင်းလို့ ကင်ပွန်းတပ် သရော်ခဲ့တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့အပတ်တွေတုန်းက ဒိုင်တွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်တွေရှိခဲ့ပါတယ်။ ရီးရဲလ်တီဗွီက အဆိုပါအငြင်းပွားဖွယ်တွေကို သတင်းအမှားလုပ်ပြီး မေးခွန်းထုတ်နေပါတယ်။အဲ့တာက နှုတ်အားဖြင့် လုပ်ဆောင်ထားတာပါ။ အခုအခြေအနေကို ရီးရဲလ်အသင်းနည်းတူ သဘောမတူတဲ့မက်ဒရစ်သားတွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့က ငိုတတ်တဲ့အသင်းဖြစ်ပြီး နေ့တိုင်းလိုနေတာပါ။
အခုအပတ်ကော လာမယ့်အပတ်တွေကော ငိုနေဦးမှာပါ။ အခုအမှားကလည်း VAR ကနေမှားတာပါ။ ကျွန်တော်တို့ ဒိုင်တွေရဲ့ဖွဲ့စည်းပုံကို ပြောင်းလဲချင်ပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ အခြားအသင်းတွေကို စစ်တမ်းကောက်လိုက်မယ်ဆိုရင် ရီးရဲလ် နဲ့ ဘာစီလိုနာတို့က အကျိုးရှိနေတယ်လို့ ပြောကြမှာပါ။ ဒါပေမယ့် သူတို့မှာ ရုပ်သံမရှိတာကြောင့် မက်ဒရစ်တီဗွီကနေပဲ ဒီအကြောင်းပြောနေတာပါ။ ပီရက်ဇ်ရဲ့ဘောလုံးကို ဆုံးဖြတ်ပေးတာက လူတွေပါ။ အဲ့တာကလူနည်းစုဘောလုံးရပ်ဝန်းကို ကိုယ်စားပြုတာဖြစ်ပြီး ဘောလုံးကို ချမ်းသာမှုအတွက် အသုံးချတာပါ။
သူက အရာအားလုံးကို ဆုံးဖြတ်ချင်နေပါတယ်။ ငွေက နှောက်ယှက်နေတာပါ။ ရီးရဲလ်အနေနနဲ့ အမီအခိုကင်းသင့်တယ်လို့ မြင်ပါတယ်။ သူတို့ အောင်မြင်မှုတွေရယူနိုင်ချိန်မှာ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်က မက်ဒရစ်သားပါ။ ပီရက်ဇ်ပရိသတ်မဟုတ်ပါဘူး”လို့ တီဘက်စ်က ပြောကြားခဲ့ပါတယ်။ ဒိုင်တွေရဲ့အဆင့်အတန်းက လျော့ကျလာခဲ့ချိန်မှာပဲ ရီးရဲလအသင်းရဲ့ရလဒ်ပိုင်းက မတည်မငြိမ်ဖြစ်လာပြီး ဘာစီလိုနာက ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကိုပါဒယ်ရေးပွဲအဖြစ် ဆိုစီဒက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။