
ရိုးမားအသင်းနည်းပြသစ် ဘယ်သူဖြစ်လာမယ်ဆိုတာ သိနေခဲ့ကြောင်း ရာနီရေးနီ အတည်ပြု
လက်စတာနည်းပြဟောင်း ရာနီရေးနီက ရိုးမားအသင်းနည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတာကို သိနေခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ရိုးမားအသင်းဟာ စီးရီးအေနောက်ဆုံးပွဲအပြီးမှာ နည်းပြသစ်ခန့်အပ်ဖို့ ချိတ်ဆက်နေပြီး ကလော့ပ်ကိုလည်း ချိတ်ဆက်နေပါတယ်။
အီတလီသားနည်းပြဟောင်းက ကလော့ပ်နဲ့သတင်းတွေထွက်နေမှုအပေါ် သူ့အနေနဲ့ ဘယ်သူနည်းပြသစ်ဖြစ်လာမယ်ဆိုတာကို သိနေပြီးသားလို့ အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာတုန်းက ရိုးမားအသင်းနည်းပြသစ်ဖြစ်လာခဲ့ပြီးနောက် စီးရီးအေမှာ ၁၉ ပွဲဆက်နိုင်ပွဲဆက်စံချိန်ရယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ၁၉ ပွဲမှာ နိုင်ပွဲ ၁၄ ပွဲ နဲ့ သရေပွဲ ၅ ပွဲပါဝင်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာနီရေးနီအနေနဲ့ လာမယ့်ရာသီသစ်မှာ ရိုးမားအသင်းနည်းပြအဖြစ် ဆက်ရှိဖို့ မသေချာသေးတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ နည်းပြသစ်နေရာအတွက် ကိုမိုနည်းပြ ဖာဘရီဂတ်စ် ၊ ယူနိုက်တက်နည်းပြဟောင်း တန်ဟက် နဲ့ ကလော့ပ်တို့ကိုပါ ချိတ်ဆက်နေပါတယ်။
ကလော့ပ်ရဲ့ကိုယ်စားလှယ် မာ့စ်ကကတော့ အခုအပတ်အစောပိုင်းတုန်းက ရိုးမားအသင်းနဲ့သတင်းတွေဟာ မမှန်ကန်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ရာနီရေးနီက သူ့အနေနဲ့ ရိုးမားအသင်းနည်းပြသစ် ခန့်အပ်ရေးမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
“နည်းပြအသစ်လား?။ ကျွန်တော့်ညီဖြစ်သူက ကျွန်တော့်ကိုခေါ်ပြီးမေးသလို လူတိုင်းကလည်း မေးကြပါတယ်။ အဲ့တာ ကျွန်တော် ဘာကြောင့်မပြောလဲဆိုတာပါပဲ။ ကျွန်တော့်သူငယ်ချင်း အန်တိုနယ်လီကိုလည်း ပြောခဲ့ပါတယ်။ မင်းသိလား။ ဇူလိုင်လ ၁ ရက်နေ့မှာ ဒါပေမယ့် သူတကယ်လို့ ဇူလိုင်လထဲမှာရောက်လာခဲ့ရင် သူကစားသမားတွေကို မသိလောက်ဘူးဆိုပြီးပြောပါတယ်။ ကျွန်တော်သူ့ကိုရှင်းပြလိုက်ပါမယ်။ နည်းပြသစ် နဲ့ သဘောတူညီမှုရရှိထားပြီးပါပြီ။ ဥက္ကဌက ကြေညာမယ့်အချိန်ကို ဆုံးဖြတ်ပါလိမ့်မယ်”လို့ ရာနီရေးနီက ဖြေကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်က လိုအပ်နေဆဲဖြစ်ပြီး လာမယ့် တိုရီနိုနဲ့ပွဲမှာ အနိုင်ကန်ဖို့ လိုအပ်နေပေမယ့် တဖက်မှာလည်း ဂျူဗင်တပ်စ်က ဗင်နီဇီယာနဲ့ပွဲမှာ အရေးနိမ့်ဖို့ လိုအပ်နေပါတယ်။
ရိုးမားအသင်းဟာ အဆင့် ၅ နေရာမှာ ရမှတ် ၆၅ မှတ်နဲ့ ရပ်တည်နေပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ၂ မှတ်ကွာဟနေပါတယ်။