The network connection is lost.
ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကတော့ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြာသပတေးနေ့တုန်းက ကြေညာလိုက်ပါတယ်။
ပြင်သစ်သားကို ရီးရဲလ်အသင်းက ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ သာမန်အားဖြင့် ပီအက်စ်ဂျီဟာ ဘာပနေရာကိုအစားထိုးဖို့ ကြိုတင်စီစဉ်ထားပြီးဖြစ်ပါတယ်။ သတင်းတွေအရ ပီအက်စ်ဂျီဟာ ဘာပေနေရာအတွက် နာပိုလီစတား အိုဆီမင်ကို ပစ်မှတ်ထားနေပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၁၂ သန်းပေးချေရမယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအတွက် အိုဆီမင်ရဲ့လုပ်ခလစာဟာ မခက်ခဲပေမယ့် ကစားသမားရဲ့ဆန္ဒကြောင့် ခေါ်ယူရခက်ခဲနိုင်တာဖြစ်ပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အိုဆီမင်ဟာ အခြားလိဂ်တွေထက် ပရီးမီးယားလိဂ်ကိုသာ ဦးစားပေးပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
နိုင်ဂျီးရီးယားသားကို ချဲလ်ဆီး ၊ အာဆင်နယ် နဲ့ ယူနိုက်တက်လိုအသင်းတွေက ပစ်မှတ်ထားနေပါတယ်။ အဆိုပါအသင်းတွေထဲမှာမှ ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေပြီး ဒရော့ဘာက သူ့ငယ်ဘဝဟီးရိုးလို့ ဝန်ခံပြောကြားထားခဲ့တာဖြစ်ပါတယ်။
လာမယ့်နွေမှာတော့ အိုဆီမင်ကိုခေါ်ယူရေးအတွက် အသင်းတွေကြားထဲမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်လာဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးဟာ ဘိုဟီလေ တာဝန်ယူပြီးကတည်းက ငွေကြေးအများအပြားအသုံးပြုထားကာ နွေရာသီမှာ ပေါင်သန်း ၃၅၀ လောက်အထိ အသုံးပြုနိုင်ဖွယ်ရှိနေကာ အိုဆီမင်ကို ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။