The network connection is lost.

Banner Image

အသင်းကိုကူညီပေးကြဖို့ တော့တင်ဟမ်ပရိသတ်တွေကို ပိုစတီကိုဂလူ တိုက်တွန်းပြောကြား

ဒုတိယအကျော့ အယ်လ်ခမာအသင်းကို ပြန်လည်လက်စားချေနိုင်ဖို့ တော့တင်ဟမ်ပရိသတ်တွေအနေနဲ့ အသင်းကိုကူညီပေးကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ ပထမအကျော့မှာ အယ်လ်ခမာအသင်းကို ၁-၀ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပြီး လာမယ့်ကြာသပတေးနေ့မှာ ပြန်လည်အနိုင်ယူဖို့ လိုအပ်နေပါတယ်။

တော့တင်ဟမ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲရဲ့ပထမပိုင်းမှာလည်း သရော်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ “ကျွန်တော် လူတွေ သူတို့ဘယ်လိုတုံ့ပြန်လဲဆိုတာကို မပြောချင်ပါဘူး။ ဒါပေမယ့် အယ်လ်ခမာပရိသတ်က သူတို့အသင်းပို သေချာလေးကူညီပါတယ်။ လာမယ့်ကြာသပတေးနေ့မှာ ကျွန်တော်တို့ပရိသတ်က ကျွန်တော်တို့ နောက်မှာရှိနေစေချင်ပါတယ်။ တကယ်လို့ ပွဲကိုအကောင်းဆုံးစတင်နိုင်မယ်ဆိုရင် အဲ့တာက ပရိသတ်တွေဆီကနေ အားပေးမှုရမှာဖြစ်သလို အကူအညီလည်းဖြစ်စေမှာပါ”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ဘုန်းမောက်နဲ့ပွဲမှာလည်း အသင်းပရိသတ်တွေနဲ့ အချင်းများခဲ့သေးတာဖြစ်ပါတယ်။ “တကယ့်ကို ဖရိုဖရဲဖြစ်တဲ့ပွဲဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ ဖရိုဖရဲဖြစ်တာကို ပြင်ဆင်ရပါမယ်။ အထူးသဖြင့် ပထမပိုင်းမှာပါ။ ကျွန်တော်တို့ ဘောလုံးပေးပို့မှုတွေ ဂရုမစိုက်သလိုဖြစ်ခဲ့ပါတယ်။ အဲ့တာက ပြိုင်ဘက်အတွက် လွယ်ကူစေခဲ့ပါတယ်။ ဒါကြောင့် မှန်ပါတယ်။ ဖရိုဖရဲဖြစ်တဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ ၂-၀ အရေးနိမ့်တာက အရမ်းလွယ်ကူခဲ့ပြီး အားပေးမှုကလည်း အဆင်မပြေခဲ့ပါဘူး။ ကောင်လေးတွေရဲ့အားထုတ်မှုကို ချီးကျူးရပါမယ်။ သူတို့ ပွဲကိုပြန်လာနိုင်ခဲ့ပြီး ကျွန်တော်တို့ ရလဒ်ကောင်းပြန်ယူနိုင်ခဲ့ပါတယ်”လို့ ပိုစတီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင်က ပင်နယ်တီကနေ ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် စိတ်ကျေနပ်မှုတော့ မရှိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အရမ်းစိတ်ပျက်နေဆဲပါ။ ၃ မှတ်ပြည့်မရခဲ့လို့ စိတ်ပျက်မိပါတယ်။ အိမ်ကွင်းမှာ ကစားရတာကြောင့် ၃ မှတ်ပြည့်လိုချင်ခဲ့တာပါ။ ဘုန်းမောက်က တကယ်ကောင်းတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ လုံလောက်မှုမရှိခဲ့ဘူးလို့ ခံစားရပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ချွတ်ချော်ခဲ့ပြီး ယုံကြည်မှုလည်း ပျောက်ဆုံးခဲ့ပါတယ်။ ခင်ဗျားအပိုတွေလုပ်ဆောင်ရင် အမှားတွေလုပ်မိတတ်ပါတယ်။ အဲ့တာက ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ သန်မာဖို့လိုအပ်သလို ယုံကြည်မှုက ကြီးမားတဲ့ခြားနားမှုပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ကြာသပတေးနေ့လိုအရာတွေက ဖိအားဖြစ်စေပါတယ်။ ခင်ဗျား စိတ်အေးအေးထားပြီး ရိုးရှင်းတဲ့အရာတွေပဲလုပ်ဆောင်ကာ ဥမင်ထဲကနေထွက်လာဖို့ လိုအပ်ပါတယ်”လို့ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။