The network connection is lost.

Banner Image

ချဲလ်ဆီး အသင်းအနေနဲ့ တိုးတက်ဖို့လိုနေသေးတယ်လို့ ဖွင့်ဟလာတဲ့ နည်းပြ ပိုချက်တီနို

ပရီးမီးယားလိဂ်ပွဲစဉ် (၆) အဖြစ် ချဲလ်ဆီးအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ လန်ဒန်မြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နည်းပြ အူနိုင်းအမ်မရီရဲ့ အက်စ်တွန်ဗီလာအသင်းက ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ရလဒ်ပိုင်းတွေ ဆက်တိုက် အားနည်းနေတဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ပိုချက်တီနိုက ကစားသမားတွေအနေဖြင့် တိုးတက်လာရန် လိုအပ်ကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။
 
နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ ရလဒ်ကောင်းဖော်ဆောင်နိုင်ရေးအတွက် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမဲ့ တိုက်စစ်ပိုင်းက ဂိုးရရန် ရုန်းနေခဲ့ရသလို ဗီလာအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကိုပါ ခက်ခက်ခဲခဲထိန်းချုပ်ကစားခဲ့ရတာ ဖြစ်ပါတယ်။
 
ပွဲစဉ်ရဲ့ ဒုတိယပိုင်း ၁၅ မိနစ်ခန့်အရောက်တွင် ဂက်စ်တို တိုက်ရိုက်အနီကဒ် ပြသခံလိုက်ရ တာကြောင့် ချဲလ်ဆီးအသင်း တစ်ယောက်လျော့အနေအထားနဲ့ ဆက်လက်ကစားခဲ့ရပြီး ဗီလာအသင်းရဲ့ တိုက်စစ်ပိုင်းကို မထိန်းနိုင်ခဲ့ဘဲ အိုလီဝက်ကင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရကာ ပွဲပြီးချိန်မှာ ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
 
စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်းမှာ အက်စ်တွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့ရတာနဲ့ ပက်သက်လို့ နည်းပြ ပိုချက်တီနိုက“ဒီနေ့ပွဲရဲ့ ရလဒ်က ကျွန်တော်တို့အပါအဝင် ကစားသမားတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ VAR ဒါမှမဟုတ် ကွင်းလယ်ဒိုင်လူကြီးကို အပြစ်တင်နေတာမျိုး ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ဒီသဘောအတိုင်းပါပဲ အနီကဒ်ပြခံလိုက်ရတဲ့ မာလိုဂက်စ်တိုကိုလည်း အပြစ်တင်နေမှာ မဟုတ်ပါဘူး။ တစ်ချို့အကြောင်းအရာတွေက ကျွန်တော်တို့အသင်းရဲ့ ရလဒ်ပိုင်းကို အဆိုးဘက် ဦးတည်စေပါတယ်” “ကစားသမားတစ်ဦးချင်းသာမက ကျွန်တော်တို့အသင်းရဲ့ အစုအဖွဲ့အတစ်ခုလုံးက တိုးတက်လာရန် လိုအပ်ပါသေးတယ်။ ဂျက်ဆင်လို ငယ်ရွယ်တဲ့ တိုက်စစ်ကစားသမားတစ်ယောက်အတွက်ဆို ပရီးမီးယားလိဂ်မှာ ကျင်လည်ဖို့က အတော်လေးသင်ယူရဦးမှာပါ။ အချိန်ပေးဖို့ လိုအပ်ပါတယ်”လို့ သုံးသပ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။