The network connection is lost.

Banner Image

ချာလိုဘတ်အား ချောင်ထိုးထားပါတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် ဖြေရှင်းလိုက်တဲ့ ပိုချက်တီနို

အသက် ၂၄ နှစ်အရွယ် ကစားသမားသည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးပတ်တွင် အသင်းမှထွက်ခွာမှုဂာ ပျက်ပြယ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နှင့် နော်တင်ဟမ်ဖောရက်စ်တို့က ချာလိုဘတ်ကို ခေါ်ယူရန်စိတ်ဝင်စားခဲ့သလို ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကလည်း နောက်ခံလူကို ရောင်းချလိုနေပြီး စံချိန်တင် ကုန်ကျစရိတ်တွေနောက်မှာ လိုအပ်နေတဲ့ ရန်ပုံငွေအချို့ကို စုဆောင်းလိုနေတာပါ။ ဒါပေမယ့် သူ့အနေနဲ့ အပြောင်းအရွှေ့လုပ်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာတော့ ချာလိုဘတ်ဟာ ကလပ်မှာ ချောင်ထိုးခံထားရကြောင်း ဒီတစ်ပတ်မှာ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သူဟာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီးနောက် ပထမအသင်းနှင့်အတူ လေ့ကျင့်မှုများ လုပ်ဆောင်ထားခြင်းမရှိ‌နေတာပါ။ ဒါပေမယ့် ပိုချက်တီနိုက အဲ့ဒီစွပ်စွဲချက်ကို ပယ်ချပြီး ချာလိုဘတ်ကသာ ဒီလိုမျိုး ဆုံးဖြတ်ချက်ချတဲ့ တစ်ဦးတည်းသောသူ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

သူက အသင်းရဲ့ အစီအစဉ်ထဲမှာရှိပြီး အခြားမည်သူကမျှ ကျွန်‌တော့်အတွက် ဆုံးဖြတ်ချက်များ ချမှတ်မည်မဟုတ်ကြောင်း ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ "ဆုံးဖြတ်ချက်တစ်ခု အတွက် ကျွန်‌တော့်မှာ လုံလောက်တဲ့ အသိပညာရှိပါတယ်။ အဖွဲ့ထဲကလူတိုင်းဟာ ကျွန်တော့်ရဲ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ" လို့ ပိုချက်တီနိုက ပြောပါတယ်။