The network connection is lost.

Banner Image

ယာမဲလ်ဟာ ဘာစီလိုနာဂန္ထဝင်လိုမျိုး တူညီတဲ့ခံစားချက်မျိုး အသင်းထံ ယူဆောင်လာကြောင်း ပီဒရီ အခိုင်အမာဆို

ဘာစီလိုနာစတား ပီဒရီက အသင်းဖော် ယာမဲလ်ဟာ မိမိတို့အသင်းသားတွေထံ မက်ဆီလိုမျိုး တူညီတဲ့ခံစားချက်မျိုး ယူဆောင်လာတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ယာမဲလ်ဟာ ဘာစီလိုနာ နဲ့ စပိန်အသင်းမှာ တောက်ပလာနေပြီး တစ်ပတ်ပြီးတစ်ပတ် မက်ဆီ နဲ့ ခိုင်းနှိုင်းခံရမှုတွေရှိနေပါတယ်။

အသက် ၁၇ နှစ်သာရှိသေးပေမယ့် ယာမဲလ်ဟာ ဘာစီလိုနာဂန္ထဝင်ဟောင်းရဲ့အမှတ်တရတွေကို ပြန်လည်သတိရစေတာဖြစ်ပြီး ၂ ဦးစလုံးက ဘယ်ခြေအားသန်ကစားသမားတွေလည်း ဖြစ်နေတာဖြစ်ပါတယ်။ ကွင်းလယ်လူ ပီဒရီကလည်း အသင်းဖော် ယာမဲလ်နဲ့ပတ်သက်ပြီး “လာမိုင်းက မက်ဆီလိုမျိုးတူညီတဲ့ခံစားချက်ကို အသင်းထံယူဆောင်လာပါတယ်။ သူပါဝင်လာရင် တစ်စုံတစ်ခုကောင်းတာဖြစ်တော့မယ်ဆိုတာ သိနေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ပီဒရီကတော့ ယာမဲလ်နည်းတူ တောက်ပလာနိုင်ချေရှိခဲ့သလို ဥရောပရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတွေက ဒဏ်ရာပြဿနာတွေကြောင့် စပိန်သားရဲ့တိုးတက်မှုနှုန်းက နှေးကွေးလာခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာမှ စပိန်သားဟာ ပုံစံကောင်းပြန်လည်ရှာဖွေလာနိုင်ခဲ့ပြီး ဘာစီလိုနာရဲ့ကွင်းလယ်မှာ အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။

ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး ပီဒရီက “ဇာဗီ ၊ ဘက်စ်ကွက်တို့က အဲ့ဆုနဲ့ထိုက်တန်ပါတယ်။ ရိုဒရီကလည်း ဒီဆုနဲ့ထိုက်တန်ပါတယ်။ လာမယ့်နှစ်တွေမှာ အဲ့တာက အသုံးဝင်လာဖို့ မျှော်လင့်ပါတယ်။ ဒီကမ္ဘာပေါ်က ဘယ်ကစားသမားမဆို ဘော်လွန်းဒီအော်ဆုလိုချင်လားမေးရင် လိုချင်တာပဲပြောမှာပါ။ ဒါပေမယ့် တစ်ဦးချင်းဆုတံဆိပ်ထက် ကျွန်တော်ကတော့  အသင်းနဲ့အတူ ဆုဖလားအောင်မြင်တာပဲလိုချင်ပါတယ်”လို့ ပီဒရီက ဖြေကြားခဲ့ပါတယ်။

မက်ဆီထွက်ခွာသွားတာကြာပေမယ့်လည်း ဘာစီလိုနာအနေနဲ့ သူ့နေရာမှာဆက်ခံမယ့်ကစားသမားမျိုးကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ယာမဲလ်ရဲ့ဖန်တီးနိုင်စွမ်း ၊ ထိတ်လန့်မှုမရှိတာ ၊ နည်းစနစ်ပိုင်းကျွမ်းကျင်တာက ဘာစီလိုနာအတွက် အဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ ယာမဲလ်ရဲ့အသက်အရွယ်ဟာ ငယ်ရွယ်သေးတာကြောင့် စံချိန်တွေ ထပ်ချိုးနိုင်ဖို့ များနေသလို ပီဒရီကလည်း ဘာစီလိုနာရဲ့ကွင်းလယ်မှာ အဓိကျလာဖွယ်ရှိနေပါတယ်။